Saturday, May 16, 2015
မြစ်သာမြစ်ကူး မြစ်သာ-၂(ပျားရွာ)တံတား ဖွင့်လှစ်
ဂန့်ဂေါ     မေ     ၁၅
          မကွေးတိုင်းဒေသကြီး  ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါလမ်းပေါ်ရှိ မြစ်သာ-၂ (ပျားရွာ)တံတားဖွင့်ပွဲ အခမ်းအနားကို မေ ၁၂ ရက်နံနက် ၈ နာရီက အဆိုပါတံတားမုခ်ဦးထိပ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမ်ာရွှေ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
          ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တည်ဆောက်ရေး(၂)ညွှန်ကြားရေးမှူးဦးကျော်လင်းမှ မြစ်သာ-၂ (ပျားရွာ)တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ဆက်လက်၍ မြစ်သာ-၂(ပျားရွာ)တံတားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊မကွေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တည်ဆောက်ရေး(၂)ညွှန်ကြားရေးမှူး ဦးကျော်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မုခ်ဦးရှေ့တွင် ဖွင့်ပွဲအထိမ်းအမှတ်ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
          မြစ်သာ-၂(ပျားရွာ)တံတားသည် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၁၃၇/၁)တွင် တည်ရှိပြီး အရှည်ပေ(၆၃၀)၊ယာဉ်သွားလမ်းအကျယ် ၁၃ ပေ ၉ လက်မ၊ရေလမ်းကင်းလွတ် အမြင့် ၃ ပေ၊ရေလမ်းကင်းလွတ်အကျယ် ၈၆ ပေ နှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး တံတားတည်ဆောက်ရေးအဖွဲ့(၂)မှတာဝန်ယူကာ (၈-၉-၂၀၁၄)ရက်နေ့တွင်စီမံကိန်းစတင်ဆောင်ရွက်ခဲ့ရာ (၃၁-၃-၂၀၁၅)၇က်နေ့တွင် တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးဆောင်ရွက်နိုင်ခဲ့သည်။ ဂန့်ဂေါမြို့နယ် တွင်မြစ်သာမြစ်ကူးတံတားများဖြစ်သည့် မြစ်သာ-၁(မင်းရွာ)တံတားနှင့်မြစ်သာ-၂(ပျားရွာ)တံတား နှစ်စင်း  တည်ဆောက်ဖွင့်လှစ်ပေးခဲ့၍ ဂန့်ဂေါခရိုင် ယောဒေသရဲ့ လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဒေသခံပြည်သူများ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment