Saturday, May 16, 2015

#လူမှုရေးအသင်းအမည်တပ်မော်တော်ယာဉ်ဖြင့်တရားမ၀င်သစ်တင်ဆောင်မှုဖမ်းဆီးအရေးယူဆောင်ရွက်


တောင်တွင်းကြီး  မေ. (၁၃)
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် လူမှုရေးအသင်းအမည်တပ်ဆင်ထားသည့် မော်တော်ယာဉ်ဖြင့် တရားမ၀င်သစ်တင်ဆောင်မှုအားဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ်သစ်တောဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးတင်ထွဏ်းနှင့်ဝန်ထမ်းများ၊ ဆတ်သွားနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် အေးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မေလ(၁၃)ရက် နံနက်(၆)နာရီ အချိန်ခန့်က သတင်းအရ ဆတ်သွားကျေးရွာအုပ်စု၊ ဆတ်သွားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယာဉ်အမှတ် ၊ HSE-3793၊ ODSSEY (အဖြူရောင်) ၊ ကန်ဖျားတောင်ကျောင်း လူမှုကူညီရေးအသင်း စာတန်းပါယာဉ်အား ရပ်တန့်စစ်ဆေးရန် တားဆီးရာ ကြည်ဖြူစွာ စစ်ဆေးခြင်းမခံပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့်မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် ယာဉ်မောင်းမှ မော်တော်ယာဉ်အား ရပ်တန့်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။ ရပ်တန့်ထားရှိခဲ့သောမော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်း၌ ထိုင်ခုံများဖြုတ်၍ တင်ဆောင်လာသော တရားမ၀င် ကျွန်းဓါးရွှေ(၇)တုံး၊ ( ၀.၇၄၂၂)တန် ၊ ခန့်မှန်းတန်ဖိုးငွေကျပ်(၁၈၅၀၀၀ိ)ခန့် တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် တရားမ၀င်သစ်များတင်ဆောင်လာသော လူမှုရေးအသင်းအမည်တပ် မော်တော်ယာဉ်အား မြို့နယ်သစ်တောဦးစီးဌာနရုံးတွင် သိမ်းဆည်းထားရှိ၍ ပိုင်ရှင်အား စုံစမ်းရှာဖွေကာ သစ်တောအက်ဥပဒေပုဒ်မ-၄၃(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်ပြည့် (တောင်တွင်းကြီး)

0 comments:

Post a Comment