၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ နေ့လည် (၂း၀၅) နာရီအချိန်တွင်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့၊ အမှတ် (၆)ရပ်ကွက်၊
အောင်မြေရပ်နေ ဦးနေဝင်း (၆၁)နှစ်၏ ထီရောင်းဝယ်ရေးဆိုင် တွင်
လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ်
မျိုးနိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၅/၂ဝ၁၅ ဖြင့်
ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
ချောက်မြို့၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေရပ်နေ ဦးနေဝင်း (၆၁)နှစ်အား
၎င်းနေအိမ်တွင် ချဲထီလောင်း ကစားရာတွင် အသုံးပြုသောစာအုပ်၊
စာရွက်စာတမ်းကိရိယာများနှင့် လောင်းကြေးငွေ ၁၄၁,၁ဝဝိ/-တို့နှင့် ဦးနေဝင်း
ကိုင်ဆောင်သော ဆင်းကဒ် ၂ ခုပါရှိသည့် E-2 အမျိုးအစားအနက်ရောင်
ခလုတ်ဖုန်း(၁)လုံး အား ရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင်
သုံးလုံးချဲထီလောင်းကစား ပြုလုပ်သူ ဦးနေဝင်းအား ချောက် မြို့နယ် ၊
မြို့မရဲစခန်း(ပ) ၈၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) အရ အမှုဖွင့်
အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment