ပွင့်ဖြူ မေ
၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်
သံကိုင်းကျေးရွာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ အကောင်အထည်ဖော်ဆောင်ရွက်သော တစ်ရွာလျင်
ကျပ်သိန်း(၃၀၀)ဖြင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအောင်မြင်မှုများကို မေ ၁၂ ရက်နေ့တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ကျ ၀န်ထမ်းများက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာတွင် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်း
မွေးမြူရေး ရေလုပ်ငန်း အရောင်းအ၀ယ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အကျိုးခံစားသူအိမ်ထောင်စု
(၁၄၈)စုတို့၏ လုပ်ငန်းအောင်မြင် ဆောင်ရွက်မှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပြီး
ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်စေရေးအတွက်
မြစိမ်းရောင်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းများအမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေရန် စည်းကမ်း စနစ်ကျနစွာကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့်ဆောင်ရွက်လျက်ရှိသည့်
မြစိမ်းရောင်ကျေးရွာ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment