Thursday, May 21, 2015

ကျန်းမာရေးဝန်ကြီးဌာန နှင့် ပြည်သူ. ကျန်း မာရေးဖောင်ဒေးတို. ၏ ဦးဆောင်ထောက်ပံ့မှု ဖြင့် ချင်းတိုင်းရင်းသူလေးများအား အရန်သားဖွားဆရာမသင်တန်းဖွင့်ပွဲ(ပခုက္ကူ)၌ကျင်းပ



     
                                   ပခုက္ကူ မေ ၂၁ ရက်
          ကျန်းမာရေးဝန်ကြီးဌာန နှင့် ပြည်သူ.ကျန်းမာရေးဖောင်ဒေးရှင်းတို.၏ ကူညီထောက်ပံ့မှုဖြင့် ချင်းတိုင်း
ရင်းသူလေးများအား အရန်သားဖွားဆရာမသင်တန်းဖွင့်ပွဲ အခမ်းနားကိုမေ ၂၁ ရက် နံနက်( ၉.၃၀) မိနစ်တွင်
ပခုက္ကူမြို.အထွေထွေရောကုဆေးရုံကြီး အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
           အဆိုပါအခမ်းနားတွင် မြို.နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်မှအဖွင့်အမှာစကားပြောကြားခြင်း
ပခုက္ကူမြို.အထွေအထွေဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်မှ သင်တန်းကာလအတွင်း သင်တန်းသူလေးများ
၏နေထိုင်စားသောက်ရေး နှင့် သင်တန်းနှင့်ပတ်သက်သည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခြင်းဆက်
လက်၍ပြည်သူ.ကျမ်းမာရေးဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ.ဝင် ဒေါက်တာသိန်းထွန်းက ချင်းပြည်နယ်
မြို.နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များစောင့်ရေမှု ပိုမိုပေးနိုင်ရေး၊မွေးကင်းစကလေးငယ်များဖွားသေနှုန်းကျဆင်း
စေရေး နှင့် ပြည်သူ.ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ပေးခြင်း
ဖြစ်ကြောင်းပြောကြားခဲ့ပြီး သင်တန်းကာလမှာ စာတွေ.(၃)လ နှင့် လက်တွေ.(၃)လ ဖြစ်ပြီး သင်တန်းသူဦးရေ
(၄၁)တက်ရောက်ခဲ့ကြောင်းသိရသည်။
                                                                            ဥာဏ်တိုး(iprd)

0 comments:

Post a Comment