တောင်တွင်းကြီး မေ.
(၂၆)
မကွေးတိုင်းဒေသကြီး၊
တောင်တွင်းကြီးမြို့တွင် မွေးကင်းစကလေးငယ်တစ်ဦးစွန့်ပစ်ထားမှုတစ်ခု ယနေ့
မေလ(၂၆)ရက် နံနက်(၆)နာရီခွဲ အချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်၊အပိုင်း(၁)နေ (ဘ)
ဦးအောင်မြိုင်၏သား အသက်(၄၅)နှစ်ရှိ ကိုသန်းစိုးသည် မိမိနေအိမ်မှ
ဝက်ကျောင်းထွက်လာရာ အဆိုပါရပ်ကွက်ရှိ အောင်မြင်ဇေယျ(ရခိုင်)စေတီတော်ဘုရားမြောက်ဘက်ရှိ
ရန်အောင်မြင်(၁) ဘုန်းတော်ကြီးကျောင်း၏ အရှေ့မြောက်ထောင့်တွင်
ဝါးခြင်းတောင်းအဟောင်းဖြင့် ထည့်ကာ ချက်ကြိုးတန်းလန်းဖြင့်
မွေးကင်းစကလေးငယ်တစ်ဦးအား အသက်ရှင်လျှက် စွန့်ပစ်ထားသည်ကိုစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ
အဆိုပါကလေးငယ်သည် ယောင်္ကျားလေးဖြစ်ကြောင်းသိရသည်။
ထိုသို့တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာသို့သွားရောက် သတင်းပို့တိုင်ကြားခဲ့ရာ
မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ
ဒေါ်ခင်မို့မို့ထွန်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရွှေကြာအင်း(၁)ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီးလိုအပ်သော
ပံ့ပိုးကူညီမှုများပြုလုပ်ပေးခဲ့ကြသည်။
ထို့နောက် ကလေးငယ်အား တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ကာ
လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး
ကလေးအားစတင်တွေ့ရှိသူ ကိုသန်းစိုးနှင့် ဇနီးဖြစ်သူ အသက်(၃၀)နှစ်ရှိ မစန်းမြင့်ဌေး
တို့နှင့်ညှိနှိုင်းကာ ကလေးငယ်၏ ဘ၀ရှေ့ရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်မှု၊
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပံ့ပိုးကူညီနိုင်မှုများကို
ဆွေးနွေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်ပြည့်
(တောင်တွင်းကြီး)
0 comments:
Post a Comment