Saturday, May 16, 2015

လွှတ်တော် အတွေ့အကြုံ ရှင်းလင်း ပွဲ ကျင်းပ

မြို့သစ်     မေ  ၁၃
                 မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ နယ်
မကျီးကုန်းကြီးကျေးရွာအုပ်စု မကျီးကုန်းကြီးကျေးရွာ အရှေ့ ကျောင်း အဘယ ရာမ  ဘုန်းတော်ကြီး-
ကျောင်းတွင်မေလ(၁၃)ရက်နေ့ နံနက်(၁၀း00)နာရီအချိန်က( လွှတ်တော်အတွေ့ အကြုံရှင်းလင်းပွဲ)ပြုလုပ်ခဲ့သည် ။

                   လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ
တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဦးအောင်ကျော်မင်း    မှ နိုင်ငံတော်အစိုးရနှင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ဒေသဖွံ့ ဖြိုးတိုးတက်
ရေးဆောင်ရွက်နေမှုအကြောင်းကိုကိုလည်းကောင်း ။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်   -
ဦးချစ်သိန်း  မှ လွှတ်တော်အတွေ့ အကြုံများကို
လည်းကောင်း ဆွေးနွေး ပြောကြားခဲ့သည် ။

                 ထို့ နောက် မကျီးကုန်းကြီးကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးခင်သောင်း  မှ ကျေးရွာကိုယ့်-အားကိုယ်ကိုး  လျှပ်စစ်မီး ရ ရှိရေးဆောင်ရွက်နိုင်
ရေးအတွက်ကူုညီဆောင်ရွက်ပေးနိုင်ပါရန်တင်ပြ
ဆွေးနွေး ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာ--လှယ်ဦးချစ်သိန်း မှဆောင်ရွက်မည့်အစီအစဉ်အား
ရေးဆွဲတင်ပြရန်နှင့် အထက်ဌာနအဆင့်ဆင့်သို့
ဆက်လက်၍တင်ပြဆောင်ရွက်ပေးသွားမည်
့ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည် ။

              လွှတ်တော် အတွေ့ အကြုံ ရှင်းလင်း  ပွဲ
သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဦးအောင်ကျော်မင်း ၊ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စာလှယ်   ဦးချစ်သိန်းနှင့်ဦးခင်မောင်ဝင်း ၊
မကျီးကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးခင်သောင်း   ၊  ရပ်မိရပ်ဖ  များနှင့် ကျေးရွာ
ပြည်သူလူထု ( ၁၅၀ )ဦးခန့် တက်ရောက်ခဲ့ကြောင်း
သတင်းရှိသည်  ။  ။  ။

                 သန်းဝင်းထွန်း(မြို့သစ်)

0 comments:

Post a Comment