Sunday, May 17, 2015

နတ်မောက်ဒေသတွင်ခိုင်းနွားနှင့်မွေးမြူရေးနွားများအတွက်နွားစာနှင့်စားကျက်မြေရှားပါးမှုဖြစ်နေ၍အခက်အခဲကြုံနေရ

 နတ်မောက်  မေ  ၁၇
  မကွေးတိုင်းဒေသကြီးနတ်မောက်
  ဒေသတွင်ခိုင်းနွားများအတွက်နွားစာရှားပါးမလုံလောက်မှုအခက်အခဲနှ
င့်မွေးမြူထားသောနွားအုပ်များအတွက်စားကျက်ရှားပါးလာမှုကြောင့်တောင်သူများအခက်အခဲကြုံ
  တွေ့နေရကြောင်းဂွေးချိုရွာတောင်သူဦးလှမြိုင်ကပြောပြသည်။
     ယခင်နှစ်၂၀၁၄ခုနှစ်မိုးရာသီ၌ရာသီဥတုဖောက်ပြန်မှုကြောင့်မိုးရွာ
သွန်းမှုနည်းပါးသည့်အတွက်နွားစာအတွက်အလေ့ကျပေါက်သည့်
နှယားမြက်များ မြက်စပ်များပေါက်ရောက်ရှင်သန်မှုနည်းပါးခြင်းသဘာဝပေါက်သည့်နွားသိုးဆိတ်များ
စားသည့်သစ်ပင်များဖြစ်ထွန်းမှုမရှိခြင်းနှမ်းလျင်သီးနှံအပြိးစိုက်ပျိုးသည့်နွားစာပြောင်းများမိုးခေါင်၍ဖြစ်ထွန်းမှုမရှိခြင်းနွေစပါးမစိုက်ရခြင်း
နောက်ပိုင်းမိုးအခါလွန်မိုးရွာ၍နွား
များစားရသည့်စားကျက်အဖြစ်အသုံးပြုသည့်ပြောင်းခင်းကျွတ်များကိုထယ်ရေးခံကြခြင်းတို့ကြောင့်
နွားစားကျက်ရှားပါးခြင်းများကြုံတွေ့နေရကြောင်းလျှော်တောင်ရွာ
ဦးမြင့်ထူးကပြောသည်။

    "  ကျမတို့ဘက်ကနွားစာရှားမှာ
သိလို့မြေပဲရိုးတွေပြောင်းရိုးတွေုစင်းပီးစုထားတာဒါပေမဲ့မေလ၁၀ရက်အထိမိုးမရွာတော့နွားတွေကျွေးရင်းမကျန်သလောက်ဖြစ်သွားဘီအခုတော့ဝါးရုံရွက်ခြောက်
တွေစုပီးနှမ်းဖတ်နဲ့ကျွေးနေရတယ်တခြားရောနှောစာအဖြစ်ပင်းကန်
ရွက်ကုက္ကိုလ်ရွက်ညောင်ရွက်တွေကျွေးနေရတယ်"ဟုသမြားရွာမှ
မရင်မြကပြောသည်။

      ရာသီဥတုဖောက်ပြန်မှုကြောင့်
နွားစာမလုံလောက်သည့်ပြသနာကြုံတွေ့နေရရာနွေစပါးကောက်ရိုး
များကိုထော်လာဂျီတစ်င်္စီး၂သောင်းကျပ်ပေး၍၄င်းနွားစာပြောင်းရိုးစင်း
ပြီးခြင်းကြားတောင်းနှင့်တစ်ခြင်းကို၈၀၀ိဖွဲနုတစ်အိတ်၆၅၀၀ိမှ၁၀၀၀၀ိ
အထိဝယ်၍ကျွေးနေရကြောင်းမွေးမြူရေးနွားအုပ်များသည်စားကျက်မရှိတော့၍နဘူးခြုံများတောင်
ကမ်းပါးယံစောင်းများရှိသစ်ပင်များကိုသာအဓိကထားလွှတ်ကျောင်းနေရကြောင်းတမာပင်။မိုးနံပင်မှအရွက်များကိုလည်းနွားအုပ်များကစားနေရကြောင်းကုလားရှင်ရွာမှကိုဇော်ဝင်းကပြောသည်။
  မင်းရာဇာနတ်မောက်

0 comments:

Post a Comment