Thursday, May 21, 2015

၂၀၁၅-ခုနှစ်|မေလ အဋ္ဌမတန်း|စတုတ္ထတန်း ဘာသာရပ်အလိုက် ပြန်လည် ကုစား စာမေးပွဲဖြေဆို မြိုင်-မေ-၁၈

မကွေးတိုင်းဒေသကြီး|ပခုက္ကူ ခရိုင်-မြိုင်မြို့နယ် ပညာရေးဦးစီးဋ္ဌာန|မြို့နယ်
ပညာရေးမှူး ဦးသန်းအေးနှင့်အလယ်တန်း
နှင့်မူလတန်းကျောင်းအုပ်ဆရာ/ဆရာ
မကြီး
များ|တန်းပြဆရာ/ဆရာမကြီးများက အဋ္ဌမတန်းနှင့်စတုတ္ထတန်း ဘာသာရပ်
အလိုက် ပြန်လည်ကုစား စာမေးပွဲကို
၂၀၁၅-ခုနှစ်|မေလ ၁၄ရက်နေ့မှ ၁၆ရက်နေ့
ထိ ကျင်းပပြုလုပ်ခဲ့ရာ-အဋ္ဌမတန်း ကျောင်းသား|ကျောင်းသူ ဖြေဆိုရန် စာရင်းရှိ
၇၃၆၅ ဦးမှ ၅၆၇၇ ဦးတို့သည် မြိုင်-မြို့မ(၁)
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌
ဖြေဆိုကြသည်။
  အဋ္ဌမတန်း ကျောင်းသား|ကျောင်းသူများ
အနေဖြင့် ကုစားဘာသာရပ်များမှာ မြန်မာစာ|သင်္ချာ|ပထဝီ ဘာသာရပ်တို့ကို
နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအထိ
လည်းကောင်း| အင်္ဂလိပ်စာ|သိပ္ပံ|သမိုင်း
ဘာသာရပ်တို့ကို နေ့လည် ၁နာရီမှ၃နာရီ
အထိလည်းကောင်း ဖြေဆိုခဲ့ကြကြောင်း
သိရသည်။
  အဆိုပါနေ့များတွင် စတုတ္ထတန်း ကျောင်းသား|ကျောင်းသူ ဖြေဆိုရန် စာရင်းရှိ
၆၂၆၆ဦးမှ ၅၇၁၈ဦးတို့သည် မြိုင်-မြို့မ(၃)
မူလတန်းလွန်ကျောင်း၌ ဖြေဆိုကြသည်။
  စတုတ္ထတန်း ကျောင်းသား|ကျောင်းသူများ
အနေဖြင့် ကုစားဘာသာရပ်များမှာ မြန်မာစာ|သင်္ချာ|လူမှုရေး ဘာသာရပ်တို့ကို
နေ့စဉ် နံနက် ၉နာရီမှ ၁၀နာရီခွဲအထိ
လည်းကောင်း | အင်္ဂလိပ်စာ|သိပ္ပံ ဘာသာရပ်များကို နေ့လည် ၁နာရီမှ ၂နာရီခွဲ
အထိ လည်းကောင်း ဖြေဆိုခဲ့ကြကြောင်း
သိရသည်။
                         အောင်ကျော်မြင့်

0 comments:

Post a Comment