မင်းဘူး မေ ၈
တတိယအကြိမ်မြောက် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ
ယာဉ်အန္တရာယ်၊ လမ်းန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု အနေဖြင့် မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင် ၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သန်းနှင့်
ဝန်ထမ်းများသည် မေ လ ၅ ရက်နေ့ နှင့်
၈ ရက်နေ့များတွင် မင်းဘူးမြို့ပေါ် လူစည်ကားရာ
လမ်းဆုံ လမ်းခွများ တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ ကြသည်။
ဆက်လက်၍ မေလ ၈ ရက်နေ့ နံနက်(၁၀) နာရီ တွင် မင်းဘူးခရိုင် ပုဂ္ဂလိက ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ
ရုံးခန်းမ တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန ၊ခရိုင်ဦးစီးမှူး ဦးအောင်သန်း
နှင့် စစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်း တို့ ဦးဆောင်၍ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များ၊ ဂိတ်မှူးနှင့် ဂိတ်စာရေးများ အား နံရံ ကပ်စာစောင်များ၊ ယာဉ်ထိခိုက်ဖြစ်ပွားမှု
မှတ်တမ်းဓါတ်ပုံများ ပြသခဲ့ပြီး သတိပေး လမ်းညွှန်းများကို ပရိုဂျက်တာဖြင့် ပြသကာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း
ဆိုင်ရာ ပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး
ဦးသန်းဌေး ၊ပုဂ္ဂလိက ယာဉ်လိုင်းများကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးလှအောင် ၊ယာဉ်ထိန်းရဲတပ်ဖွဲ့
တာဝန်ခံ ဒုရဲအုပ် စိုးမိုးဌေး နှင့် ကာကြီးကွင်း အတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ပူးတွဲပါ
- သတင်းဓါတ်ပုံ (၁)ပုံ
သန်းဌေး(မင်းဘူး)
0 comments:
Post a Comment