Thursday, May 21, 2015

မင်းလှမြို့ကားကွင်းအတွင်းသိန်း ၅၀ ကျော်ဖောက်ထွင်းခံရမှု၆လကျော်ကြာ သည့်အထိမပေါ်သေး


  မကွေးတိုင်းဒေသကြီး သရက်ခရိုင်မင်းလှမြို့ကားကွင်းအတွင်းရှိ ကွမ်းယာဆိုင်မှငွေနှင့်ရွှေထည်ပစ္စ
ည်းသိန်း၅၀ကျော်တန်ဘိုးအဖောက်ခံရအမှုသည်၆လကျောကြာ်ပြီ့ဖြစ်သော်လည်း ယနေ့တိုင်ဖောက်ထွင်းသူအား ဖမ်းဆီမိခြင်းမရှိသေးကြောင်း ဖောက်ထွင်းခံထားရသော် ကိုတင်ခိုင်
တို့ဇနီးမောင်နှံထံမှသိရှိရသည်၊
၎င်းတို့မှ မင်းလှမြို့ကားကွင်းမှာကွမ်း
ယာရောင်းတာ၎နှစ်ရှိပါပြီ၊မိသားစု၎ဦးနဲ့တူတော်မောင်၁ယောက်ရယဒီမှာဘဲ
နေပြီ်းကွမ်းယာကူရောင်းဘို့ အသက်၂၈နှစ်ရှိတဲ့ ရာဇာဆိုသူတစ်ဦးကို တစ်နေ့၂၀၀၀ကျပ်ပေးပြီးငှားထားပါတယ်၊သူကမနက်လာပြီးညပြန်ပါတယ် ၂၄၊၁၀၊၂၀၁၄ရက်နေ့က ဆန်ဘိုး ၂၀၀၀၀ကျပ်ပေးစရာရှိလို့ အဝတ်ဘီဒို
ထဲသွားယူတယ်၊အထွေထွေသုံးဘို့ငွေ
၁သိန်းထည့်ထားတာ ကျွန်မသုံးရင်းနဲ့
၅သောင်းကျော်ကျန်တာ မတွေ့တော့ဘူး၊ဒီလိုမပျောက်ဘူးလို့
ကျွန်မအံသြသွားပါတယ်၊ဘီဒိုထဲကအဝတ်စားအောက်ထားတဲ့သေတ္တာသော့လိုက်ရှာတာမတွေ့တော့ဘူး၊ဒါနဲ့သော့အပိုရှာပြီး သေတ္တာဖွင့်ပြီး  ပိုက်ဆံအိတ်ဖွင့်ကြည့်တော့ ဘာမှမရှိတော့ဘူး၊ပိုက်ဆံအိတ်အတွင်းအိတ်ထဲမှာငွေ၂၉သိန်း၊အလယ်ကအတွင်းအိတ်ထဲမှာ ရွှေဆွဲကြိုးနဲ့ဆွဲသီး၂ကျပ်သား၊ဆွဲသီးကစိန်ကာလတန်ဘိုး၎သိန်း၈သောင်း
ကျပ်၊လက်စွပ်၃ကွင်း၊ကလေးနားကပ်
၁ရံနဲ့လက်စွပ်၁ကွင်း၊ကျွန်မနားကပ်၁ရံ
နဲ့ကျောက်ဆွဲပြား၁ခု၊နားဆွဲအပြတ်၁ခု
စုစုပေါင်းသိန်၅၀ကျော်ပါသွားတာပါ၊ဘီဒိုထဲက၅သောင်းခွဲလည်းပါသွားတယ်၊ခေါ်ခိုင်းထားတဲ့ ရာဇာက ပစ္စည်းတွေပျောက်တဲ့နေ့ကl အလုပ်မဆင်းလို့ ခေါ်ခိုင်းရတယ်၊ရောက်တော့ ပစ္စည်းတွေ၊  ငွေတွေ ပျောက်တဲ့အကြောင်းပြောတော့၊အခုလိုပင်ပင်ပန်းပန်းရှာထားရတာနှမြောတယ်၊ဒီအမှုပေါ်မှအလုပ်ထွက်မယ်လို့သူကပြောပြီး၁၁လပိုင်း၁၁ရက်နေ့ကမကွေးသွားပြီး၂ရက်၃ရက်လောက်နားမယ်ဆိုပြီးထွက်သွားတာ ဒီနေ့ထိအလုပ်မဆင်းတော့ဘူး၊ကျွန်မက အတွင်းလူခိုးတာလို့ယုံကြည်ပြီးအကဲခက်စောင့်ကြည့်နေတာ၊၁၄၊၁၁၊၂၀၁၄ရက်နေ့မှာ ရဲစခန်းသွားအမှုဖွင့်တယ်ရဲကရာဇာ့ကိုခေါ်ပေးခိုင်းလို့ခေါ်ပေးလိုက်တယ်၁၄ရက်ချုပ်ပြီးစစ်ဆေးမေးမြန်းတယ်လောလောဆယ်မေးလို့မရဘူးဆိုပြီးအာမခံနဲ့ပြန်လွှတ်ပေးလိုက်တယ်ရဲအုပ်ဇော်မင်းနိုင်ကသက်သေခံပစ္စည်းပေါ်မှပြန်စစ်ပေးမယ်ပြောပါတယ်ဒါပေမယ့်၆လကျော်ခဲ့ပါပြီ၊ကျွန်မတို့ဒီအမှုကိုအမြန်ပေါ်ပေါက်စေချင်ပါတယ်ဟု ကိုတင်ခိုင့်အမျိုးသမီးမသန်းသန်းဝင်းကပြောသည်၊
အဆိုပါဖေါက်ထွင်းမှုနဲ့ပါတ်သတ်၍ မင်းလှမြို့မရဲစခန်းသို့သွားရောက်မေးမြန်းရာ ယာယီစခန်းမှုးမှ ၂၄၊၁၀၊၂၀၁၄ကဖေါက်ထွင်မှုဖြစ်တယ်အခင်းဖြစ်ပြီး၁လကျော်ကြာပြီး၁၄၊၁၁၊၂၀၁၄ရက်နေ့ရောက်မှလာတိုင်တယ် တရားလိုက မသန်းသန်းဝင်း(ပ)၁၇၃/ ၂၀၁၄ပြစ်မှုပုဒ်မ၃၈၀နဲ့အမှုဖွင့်ပြီး အမှုစစ်ကရဲအုပ်ဇော်မင်းနိုင်ဖြစ်ပါတယ် ဒီအမှုကစုံစမ်းဆဲပါဟုပြောသည်၊
  မင်းလှမြို့ပြည်သူများကလည်း မြို့ပေါ်ကားကွင်းတွင်ဖြစ်ပွားခဲ့သည့် အဆိုပါဖောက်ထွင်းမှုအားအမြန်ဆုံး
ပေါ်ပေါက်စေလိုကြောင်း၊ယခင်ကယခုလိုမျိုးအဖြစ်အပျက်မျိုးမရှိခဲ့၍ စိုးရိမ်ပူပန်မှုများရှိနေပါကြောင်းပြောသည်။

          အောင်ကောင်းစည်

0 comments:

Post a Comment