ဆိပ်ဖြူ မေ ၂၂
ယနေ့နိုင်ငံတော်အစိုးရသည် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေး အစရှိသည်များကို နှစ်စဉ်အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျောင်းဆောင် ပေါင်း(၆)ဆောင်အား ဆောက်လုပ်ရေး ကုမ္ပဏီ(၂)ဖွဲ့မှတာဝန်ယူဆောက်လု ပ်ခဲ့ရာမှ မကွေးတိုင်းဒေသကြီး
ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၁၄ -၂၀၁၅
ဘဏ္ဍာနှစ် အတွင်း စာသင်ကျောင်းများ ဥပဓိရုပ်ကောင်း မွန်ရေး အန္တရာယ်ရှိသည့်
အဆောက်အဦ များကိုပြုပြင်ပေးခြင်းများ အသစ်ဆောက် လုပ်ပေးခြင်းများနှင့်
ကျောင်းသား ဦးရေနှင့် ကျောင်းဆောင်မလုံလောက်သည့် စာသင် ကျောင်းများအား
ပညာရေး ကဏ္ဍမြှင့်တင် မှုနှင့်အနာဂတ်၏ ကြယ်ပွင့် လေးများဖြစ်ကြ
သည့်ကျောင်းသားကျောင်းသူများ အေးချမ်း စွာပညာသင်ကြားနိုင်ရေး အဆောက်အဦ
များတိုးချဲ့ဆောက်လုပ်ပေးလျက်ရှိရာ မြခိုင်မာ ကုမ္ပဏီက တာဝန်ယူ
ဆောက်လုပ် ပေးခဲ့သည့် RC အမျိုးအစား အလျား(၉၀)ပေ အနံ(၃၀)ပေ ရှိ
အရည်အသွေးကောင်းမွန် သည့် ကျောင်းဆောင်သစ်အား အဆင့်မြင့် ခန့်ညားထည်ဝါစွာ
ဆောက်လုပ်ပြီးစီးမှုအား တွေ့မြင်ခဲ့ရပြီး ကျေးရွာပြည်သူများတို့က လည်း
ဝမ်းမြောက်လျက်ရှိပါကြောင်းသတင်း ရရှိသည်။
ယနေ့နိုင်ငံတော်အစိုးရသည် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေး အစရှိသည်များကို နှစ်စဉ်အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျောင်းဆောင် ပေါင်း(၆)ဆောင်အား ဆောက်လုပ်ရေး ကုမ္ပဏီ(၂)ဖွဲ့မှတာဝန်ယူဆောက်လု
0 comments:
Post a Comment