Saturday, May 16, 2015

အခွှန်ဆိုင်ရာသိကောင်းစရာများ ပခုက္ကူ၌ရှင်းလင်း

ပခုက္ကူ မေ ၁၄ရက်
    မကွှေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွှင်းရှိ စားသောက်ဆိုင်များ၊ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများအား ပြေစာအမှတ်တံဆိပ်ကပ်နှိပ်မည့်စီမံချက်ပညာပေး ရှင်းလင်းပွှဲကို မေ၁၄ရက် နံနက် ၁၀ နာရီက မြို့နယ်အခွှန်ဦးစီးဌာနမှူးရုံး၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
အခမ်းအနားတွှင် မြို့နယ်အခွှန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်နိုင်က စားသောက်ဆိုင်၊ဟိုတယ်၊တည်းခိုခန်းလုပ်ငန်းရှင်များအား ကုန်သွှယ်လုပ်ငန်းခွှန်ဆိုင်ရာ များနှင့်ပြေစာများကို ပညာပေးရှင်းလင်းပြောကြားရာ လုပ်ငန်းရှင်များက မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ယင်းနေ့က အခွှန်ဆိုင်ရာရှင်းလင်းပွှဲတွှင် မြို့နယ်အခွှန်ဦးစီးဌာနမှ  လက်ကမ်း စာဆောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
                                ဉာဏ်တိုး(ပေါက်)

0 comments:

Post a Comment