Monday, May 4, 2015

ငဖဲမြို့နယ် အခြေပြု မူလတန်းဆရာ အတတ်ပညာအထူးသင်တန်း ဖွင့်လှစ်




ငဖဲ     မတ်    
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲ ခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်ပညာရေးမှူး နှင့်သင်တန်းနည်းပြဆရာများ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းဇော်မှပညာရေးရည်မှန်းချက်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ပုမှ မြို့နယ်အခြေပြု ဆရာအတတ်ပညာအထူး သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊နေ့စာ/လပေး မူလတန်း ဆရာ/ဆရာမများအား အခြေခံဆရာ အတတ်ပညာဆိုင်ရာသဘောထား၊အသိပညာလက်တွေ့ကျင့်သုံးမှုကို လေ့လာသင်ယူခွင့်ရပြီး ဆရာ  အတတ်သင်တန်း ပြီးဆုံးခြင်းလက်မှတ်(Completion Certificat)ပေးအပ်နိုင်ရန်နှင့်သင်တန်းပြီးဆုံးခြင်း လက်မှတ်ရပြီးသည့် နေ့စား/လပေး မူလတန်း ဆရာ၆ဆရာမများအား အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်အပ်ပေးနိုင်ရန် တို့ကိုရှင်းလင်းပြောကြားခဲ့သည်။
          ထို့နောက် သင်တန်းမှူးဆရာဦးကျော်ဝင်းမှသင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို (၄.၅.၂၀၁၅)ရက်နေ့မှ(၈.၆.၂၀၁၅)ရက်နေ့ထိ(၅)ပတ်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၁၃)ဦး တက်ရောက်သင်ယူကြမည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment