Tuesday, May 19, 2015

မြို့မဈေးကော်မတီ အသစ်ဖွဲ့စည်းခြင်း




ရေနံချောင်း      မေ ၁၇
                   ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့မဈေး၊ ဈေးကော်မတီ အသစ်ပြန်လည်ရွေးချယ်ပွဲကို မေ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။အဆိုပါ ရွေးချယ်ပွဲသို့ ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်စိုး၊ အဖွဲ့ဝင်ဦးမြင့်ခိုင် ဦးမျိုးမင်းမြို့နယ်စည်ပင်သာ ယာရေးအမှုဆောင်အရာရှိ ဦးမြလင်းနှင့် မြို့မဈေး၊ ဈေးရုံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဦးမြင့်စိုးမှအဖွင့်အ မှာစကားပြောကြားခြင်း ကော်မတီများမှ ရွေးချယ်ပွဲ စည်းမျဉ်းစည်းကမ်းများ၊ ကော်မတီသစ် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားကြောင်းသိရသည်။

                   ၎င်းရွေးချယ်ပွဲသို့ တက်ရောက်လာသော ဈေးရုံကိုယ်စားလှယ်များမှ ဆန္ဒမဲများပေး၍ ဈေးကော် မတီအသစ်အား ရွေးချယ်ခဲ့ကြောင်းသိရသည်။ တက်ရောက်လာသောကိုယ်စားလှယ်တစ်ဦးမှ ကော်မတီများသည် ဈေးသူ/သားများ၏ လိုအပ်ချက်များ၊ မိမိဈေးကြီးတိုးတက်ရာတိုးတက်ကြောင်း ခွန်စိုက်အားစိုက်လုပ်ပေးပါ ပြောသွားကြောင်း ကြားသိရသည်
                                                                                      သိန်းဇော်

0 comments:

Post a Comment