Monday, May 11, 2015

#တောင်တွင်းကြီးမြို့နယ်၌မီးလောင်မှုဖြစ်ပွား




မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ရေနွေးအိုးတည်ရာမှ နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်ပွားသည့်နေရာမှာ တောင်တွင်းကြီးမြို့၏ အနောက်ဘက်(၁၂)မိုင်ခန့်အကွာ  ပျားတုကျေးရွာအုပ်စု၊ ပျားတု(အရှေ့စု)ကျေးရွာတွင် ယနေ့ မေလ(၁၀)ရက်နေ့ နံနက် (၈)နာရီခွဲအျိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကျေးရွာနေ (ဘ) ဦးသာစိန်၏သမီး အသက်(၆၅)နှစ်ရှိ ဒေါ်မြညွန့် နေအိမ်တွင် ရေနွေးအိုးတည်ရာမှ အနီးရှိ ထရံကာအားမီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဒေသခံပြည်သူများဝိုင်းဝန်း ငြိမ်းသတ်ခဲ့မှုကြောင့် (၈)နာရီ(၅၅)မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် (၄)ပင်(၃)ပင် သက်ကယ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်တစ်လုံးနှင့် အနီးရှိ (၃)ပင်ပတ်လည် နွားတင်းကုတ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ်သက်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသွားရောက်ခဲ့ကြပြီး မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်မြညွန့်အား တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့စခန်း (ပ)၁၄၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုတွဲဖွင့်လှစ်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)

0 comments:

Post a Comment