Sunday, May 3, 2015
၂၀၁၅ခုနှစ် စခန်းချတွေ့ဆုံပွဲဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီးအတွင်းမှ ကင်းထောက်လူငယ်များနှင့်တွေ့ဆုံပွဲ ကျင်းပ
မကွေး    မေ   
          မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သော  ၂၀၁၅ခုနှစ် စခန်းချတွေ့ဆုံပွဲဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီးအတွင်းမှ ကင်းထောက်လူငယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက်နံနက် ၁၀ နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော် ရွှေနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှတာဝန် ရှိသူများနှင့်ဆရာ/ဆရာမများ မကွေးတိုင်းဒေသကြီးအတွင်းမှ ရွေးချယ်ထားသော ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြသည်။
          ရှေးဦးစွာ ပြင်ဦးလွင်မြို့တွင် ၂၀၁၅ခုနှစ် စခန်းချတွေ့ဆုံဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး အတွင်းမှ ရွေးချယ်ထားသော ကင်းထောက်လူငယ်များက တိုင်းဒေသကြီးဝန်ကြီးချုပ်အား တစ်ဦးချင်း မိတ်ဆက်ဂါရ၀ပြုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကင်းထောက်လူငယ်များအားလမ်းညွှန်အမှာစကားပြော ကြားရာတွင်  ကင်းထောက်များပီပီ အသင်းအဖွဲ့စိတ်ဓာတ်ရှိရေး၊ အလုပ်ကိုထက်ထက်မြတ်မြတ်နှင့် ဆောင်ရွက်ရေး၊တာဝန်ယူလိုစိတ်များ ဖြစ်ထွန်းရေးနှင့်စခန်းချတွေ့ဆုံ
ပွဲဆောင်ရွက်ရာတွင် အခြားပြည်နယ် နှင့်တိုင်းများမှ ကင်းထောက်လူငယ်များ၏ အတွေ့အကြုံ ဗဟုသုတများ လေ့လာရေးတို့ကို အသေးစိတ်မှာကြားခဲ့သည်။
          ဆက်လက်၍ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးမှ ကင်းထောက်များရွေးချယ်မှု၊ စခန်းချ နေရာများသို့သွားရာတွင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်လင်းတင်ပြ၍ ကင်းထောက်လူငယ် တစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
          မကွေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၅ခုနှစ် စခန်းချတွေ့ဆုံပွဲဆောင်ရွက်မည့်ကင်းထောက်လူငယ်  မောင်မယ်(၂၄)ဦးရှိကြောင်းနှင့် ကင်းထောက်လူငယ်များအား မန္တလေးစုရပ်စခန်းသို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် လုံခြုံချောမွေ့စွာပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment