This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 29, 2015

ကျောက်ထုဒေသတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဟောပြော



ကျောက်ထု မေ ၂၈
    မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အထူးစီမံချက်(ယင်းမာ)ကို ၂၀၁၅ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်ထိ တစ်လတာအထူးကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျှက်ရှိရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို  ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို မေ၂၇ရက်နံနက်၉နာရီကဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ လေးကျေးရွာဓမ္မာရုံတွင်  ကျောက်ထုမြို့
 ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည်။  အဆိုပါအခမ်းအနားတွင် ကျောက်ထုမြို့အုပ်ချုပ်ရေးမှူးဦးသူရိန်အောင်ကအမှာစကားပြောကြားပြီး ပြည်သူ
လူထုပါဝင်သော မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးအေးလင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ကျောက်ထု ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ခင်မောင်ရွှေက မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များတို့ကို အသီးသီးရှင်းလင်း ဟောပြောကြ သည်။
    အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာ ဝန်ရှိသူများနှင့် ပြည်သူများ ၁၅၀ ဦးခန့်တို့တက်ရောက်ကြကြောင်းနှင့် ဟောပြောပွဲတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။

မကွေးမြို့ပေါ်တွင် လူတစ်ဦး ဓါတ်လိုက်၍ သေဆုံး

၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ(၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် မကွေးတိုင်းဆေးရုံကြီးတွင် ဓါတ်လိုက်၍ သေဆုံးသော လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ မကွေးမြို့နယ်၊ ကန်သာလေး ကျေးရွာနေသူ ချစ်မင်းသူ(ခ) ချမ်းငြိမ်း (၁၉)နှစ် ဖြစ်ပြီး ၁၆၄၅ အချိန်ခန့်တွင် ချစ်မင်းသူ(ခ)ချမ်းငြိမ်းသည် မကွေးတိုင်းဆေးရုံကြီး အနောက် ဘက်ရှိ `အိအိ´ထမင်းဆိုင် ၏ ရှေ့မျက်နှာစာအဖီကို သွပ်မိုးနေစဉ် ဆေးရုံရှေ့ ဓါတ်တိုင်နှင့် ထမင်းဆိုင်ရှိ လျှပ်စစ်မိန်းခုံအား သွယ်တန်း ထားသော 3044 အဖြူရောင် လျှပ်စစ်ကြိုးမှာ လျော့ကျနေသဖြင့် ကြိုးအား ဆွဲတင်းစဉ် ဓါတ်ကြိုး တွင် ပေါက်နေသော နေရာအား လက်ဖြင့် ဆုပ်ကိုင်မိသဖြင့် ဆိုင် ခေါင်မိုးပေါ်တွင် လဲကျသွားစဉ် ဆိုင်ရှင် ဦးချိုဝင်းမှ တွေ့မြင့်၍ မကွေးဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ပြင်ပလူနာဌာနသို့ ရောက်ရှိစဉ် သေဆုံးသွားကြောင်း စစ်ဆေးသိရှိရပြီး ချစ်မင်းသူ(ခ)ချမ်းငြိမ်းတွင် ယာတံတောင် ပွန်းဒဏ်ရာ၊ ၀မ်းဗိုက် ချက်အထက်ပွန်းခြစ် ဒဏ်ရာ၊ ကျင်ငယ်ရည်များထွက်၍ သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် မကွေးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

မြေလတ်ဒေသ နေ့စဉ်သတင်းစာ အွန်လိုင်း နှင့် ဖုန်း မြေလတ်မီဒီယာ APK သို့ သတင်းတင်လိုလျှင် အင်တာနက်သုံးရန် လစဉ်ကြေး ၅၀၀၀ိ ပေးသွင်းရပါမည်

ဦးဝင်းကြည်  ၈/ခမန(နိုင်)၀၆၀၁၉၇
မကွေး ကမ္ဘောဇဘဏ် ၂  ။ ရိုးမဘဏ် နှင့် မကွေးစာတိုက် သို့ ပေးသွင်းနိုင်ပါသည်။ လူကိုယ်တိုင်လည်း မြေလတ်မီဒီယာဂျာနယ်ရုံးသို့ပေးသွင်းနိုင်ပါသည်။ 

ဖုန်း ၀၉- ၄၄၀၂၂၅၁၀၀

အင်္ဂလိပ်လဆန်း ၇ ရက်အတွင်း အရောက်ငွေပေးပို့ရပါမည်။
ငွေမပေးပို့သူများ၏ သတင်းထောက်စာမူများကို အွန်လိုင်းမှာ ဖော်ပြပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

၂၀၁၅ ဇွန်လမှ စတင်ပါမည်။

အွန်လိုင်းသတင်း တာဝန်ခံ

မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ကျင်းပ




ပွင့်ဖြူ     မေ     ၂၈
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ပွင့်ဖြူအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မေ ၂၇ ရက်နံနက် ၉ နာရီက ကျင်းပခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာထွန်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီးမြို့နယ်ပညာရေးမှူးမှကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့် ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
          ဆက်လက်၍ ၂၀၁၅-၂၀၁၆ပညာသင်နှစ် အတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို တာဝန်ရှိသူများမှ ကျောင်းသား ကျောင်းသူများအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

မဟာမြိုင်ပညာဖောင်ဒေးရှင်းတည်ထောင်၍ ကျောင်းတက်နိုင်ရန် ထောက်ပံပစ္စည်းများပေးသည့်အပြင်အထက်တန်းတက်ရန်ကျောင်းထားပေးလျှက်ရှိ



မကွေးမြို့နှင့် ၁၂ မိုင်ခန့်ဝေးသောကျေးလက်ဒေသ၌ မဟာမြိုင်ပညာဖောင်ဒေးရှင်းတည်ထောင်၍ ကျောင်းတက်နိုင်ရန်
ထောက်ပံပစ္စည်းများပေးသည့်အပြင်အထက်တန်းတက်ရန်ကျောင်းထားပေးလျှက်ရှိ
  မကွေးမြို့၏အရှေ့တောင်ဘက် ၁၂ မိုင်ခန့်ဝေးကွာသော အင်းနက်ကျေးရွာနှင့် ၆ ဖာလုံကျော်ဝေးကွာသည့်မဟာမြိုင်တောရကျောင်း၌ နာယက
ဆရာတော်ဦးပဏ္ဍဝ၊ဦးသီလနန္ဒ၊ဦးဝဏ္ဏိတတို့၏သြဝါဒကိုခံယူ၍ဦးဆောင်ဆရာတော်ဦးသုဒဿန၊
ဦးဇနသာရ၊ဦးပဝသာရနှင့်အင်းနက်ကျေးရွာကျောင်း
အုပ်ဆရာမကြီးဒေါ်ကြည်ကြည်မြင့်တို့က စည်းဝေးတိုင်ပင်၍ကျေးလက်ဒေသကလေးငယ်များ ပညာသင်ကြားနိုင်စေရန် မဟာမြိုင်ပညာရေးဖောင်ဒေး
ရှင်းကိုတည်ထောင်ပြီး ကျောင်းစတင်တက်မည့်ကျောင်းသား ကျောင်းသူများနှင့်မူလတန်း၊အလယ်
တန်းကျောင်းသားကျောင်းသူများကိုတစ်ယောက်
လျှင်ဗလာစာအုပ်တစ်ဒါဇင်၊ခဲတံ၊ဘော့ပင်နှင့်ပစ္စည်းစုံပါကွန်မာဗူးတို့ကိုထောက်ပံပေးခဲ့ပြီးကျေးရွာ ၉ တန်းတက်မည့်ကျောင်းသား ကျောင်းသူများအား
ကျောင်းပေးမည်ဖြစ်ကြောင်း မဟာမြိုင်ပညာရေးဖောင်ဒေးရှင်းဥက္ကဌဆရာတော်ဦးသုဒဿနထံမှသိရှိရသည်။

  "ဦးဇင်းတို့ပညာရေးဖောင်ဒေးရှင်းကို မတည်ငွေ(၁၀)သိန်းကျော်နဲ့စတင်ပြီး၂၀၁၅ခုနှစ်ဧပြီလကစတင်တည်ထောင်ပါတယ်။အရင်နှစ်တွေက
 နွေရာ
သီကျောင်းပိတ်ရက်နဲ့ရက်ရှည်ကျောင်းပိတ်ရက်တွေမှာကလေးတွေကိုဗုဒ္ဓစာပေနဲ့ပတ်သက်တဲ့ယဉ်ကျေး
လိမ္မာသင်ပေးတယ်။အခုကျောင်းအပ်နှံ့ရေးသီတင်းပတ်မှာဦးဇင်းတို့ထံ စာရင်းပေးသွင်းထားတဲ့ကျောင်းသား ကျောင်းသူများကိုသူငယ်တန်းမှ၅တန်း ၆တန်း ၇တန်း ၈တန်းအထိ ဗလာစာအုပ် ခဲတံ ဘော့ပင် ကွန်မာဗူး(ပစ္စည်းစုံပါ) ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၁ ယောက်ထောက်ပံပေးခဲ့ပါတယ်။မူလတန်းမှအလယ်တန်းအထိ ပညာရေးဖောင်ဒေးရှင်းအမည်နဲ့လှူတယ်။ကျေးရွာနေ ၉ တန်းစတင်တက်မည့်ကျောင်းသား ကျောင်းသူတွေကိုကျောင်းထားပေးသွားမှာဖြစ်ပါတယ်။
မဟာမြိုင် ပညာရေးဖောင်ဒေးရှင်းအမည်နဲ့ဖြစ်ပါတယ်။အင်းနက်ကျေးရွာမှာဦးဇင်းတို့ ဦးဆောင်ပြီး အလင်းရောင် လူမှုကူညီရေးအသင်းလည်း ကျေးရွာလူငယ်တွေနဲ့ ဖွဲ့စည်းတည်ထောင်ပြီးပါပြီ။ပညာရေးဖောင်ဒေးရှင်းအတွက် မတည်အလှူငွေများကိုမကွေးမြို့နယ်အပြင်နေပြည်တော်၊ဧရာဝတီ
တိုင်း အင်္ဂပူမြို့နယ်နဲ့တိုင်တစ်ရာရွာတွေကလည်းလှူဒါန်းကြတယ်။အဓိကမတည်လှူဒါန်းပေးတာက
 နေပြည်တော်မှ မုဒြာကုမ္မဏီပိုင်ရှင်ဦးအောင်ပန်း
နှင့်ဇနီးဒေါက်တာဒေါ်သင်းသင်းအေးတို့က မဟာမြိုင်ပညာရေးဖောင်ဒေးရှင်းအတွက် မတည်လှူဒါန်းပေးတယ်။အင်းနက်ကျေးရွာမှစိတ်တူကိုယ်တူ
လူငယ်အင်အား(၃၀)နဲ့ဖွဲ့စည်းတည်ထောင်ပြီးဆင်းရဲချို့တဲ့မိသားစုဝင်သားသမီးများကိုပညာရေးပြည့်စုံစွာ
သင်ကြားနိုင်အောင်ထောက်ပံကူညီကျောင်းထားပေးသွားမယ်" ဟု ဥက္ကဋ္ဌဆရာတော်ကမိန့်ကြားသည်။

 အဖွဲ့လူငယ်တစ်ဖြစ်သည့် ကိုလှစိုး ကလည်း"ကျွန်တော်တို့ကျေးရွာမှာ အခုလို ပညာရေးဖောင်ဒေးရှင်းရှိမှလက်လုပ်လက်စားသားသမီးတွေ ၁၀ တန်းအောင် အောင်ထါးနိုင်မယ်။တောရွာဆိုတော့ စိုက်ပျိုးရေးအခြေခံင်္ပြီး မိုးမျော်လုပ်ကိုင်စားကြရသလိုဆင်းရဲသားများတယ်။ပညာရေးဖောင်ဒေးရှင်း
ရှိထားတော့ ကလေးတွေရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။ရာသီဥတုညီညွတ်မှတောင်သူတွေစိုက်ပျိုးရေးအဆင်ပြေသလိုလက်လုပ်လက်
စားတွေလည်းအဆင်ပြေတယ်။အဆင်မပြေရင် ကလေးတွေပညာရေး လှည့်မကြည်နိုင်ဘူး။ဒါကြောင့်ကလေးတွေရဲ့အနာဂတ်ပညာရေးလှပအောင်
ဦးကျော်ဆွေ၊ဦးအောင်ဝင်းတင့်တို့နဲ့အတူတက်ညီလက်င်္ညီစိတ်တူကိုယ်တူပါဝင်ပြီးတတ်နိုင်တဲ့ဘက်ကနေဖြည့်ဆည်းဆောင်ရွက်သွားမှာပါ"ဟု ၎င်းက
ပြောပြသည်။   မဟာမြိုင်ပညာရေးဖောင်ဒေးရှင်းသည် မကွေးမြို့နယ် တပ်ကုန်းအုပ်စု အင်နက်ကျေးရွာ၏အရှေ့တောင်ဘက် မဟာမြိုင်တောရ
ကျောင်းဝန်း၌တည်ရှိင်္ပြီး ဖောင်ဒေးရှင်းအားပညာရေးထောက်ပံငွေများလှူဒါန်းမည်ဆိုလျှင် ဥက္ကဌဆရာတော်ဦးသုဒဿန ဖုန်းနံပါတ် ၀၉၇၉၃၇၆၀၉၆၉
ကိုလှစိုး ၀၉၇၉၆၄၈၈၈၇၉ သို့လည်းကောင်း ဦးဝင်းဗိုလ် ၀၉၇၉၈၈၂၃၁၅၆ သို့လည်းကောင်းဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။
ဇွဲထက်ရှင်

မြို.နယ် ကျောင်းအပ်နှံရေးနေ.အခမ်းအနား ကျင်းပ



              


                                           ပခုက္ကူ မေ ၂၈
                 ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မြို.နယ်ကျောင်းအပ်နှံရေးနေ.အခမ်းအနားကို ပခုက္ကူအထက(၂)
၌ မေ ၂၈ ကကျင်ပခဲ့သည်။
                      အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ. သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး ဦးသိန်း
ထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦကိုကိုလွင်က အမှာစကားပြောကြားပြီး၊ခရိုင်ပ
ညာရေးမှူး ဦးမိုးဆွေက ယခုနှစ်တွင် မူလတန်းကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ
အပြင် ကျောင်းဝတ်စုံများကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မူလတန်းနှင့်အလယ်တန်းအဆင့်
ကို အခမဲ့ပညာရေးစနစ်အဖြစ် နိုင်ငံတော်က စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အထက်တန်းအ
ဆင့်ကိုလည်း အခမဲ့ပညာရေးစနစ်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်မှအခမဲ့ပညာရေးကိုအ
ကောင်အထည်ဖော်နေချိန်တွင် အခြေခံပညာကျောင်းများ၌ ငွေကြေးကောက်ခံမှုများ လုံးဝမပြုလုပ်ရန် ဆရာ
ဆရာမများအား အသိပေးပြောကြားလိုကြောင်း၊ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် 
အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
                    ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးဗလာစာအုပ်များ၊ကျောင်းဝတ်စုံများ၊မြို.နယ်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအမျိုးသမီးရေးရာအဖွဲ.မှ အလှူငွေကျပ်(၆)သိန်း၊ကြယ်စင်မောင်နှမပ
ရဟိတ လူငယ်များအသင်းမှ အလှူငွေကျပ်(၈)သိန်းငါးသောင်းနှင့် မြို.နယ်ဖွံ.ထောက်ကော်မတီက ငွေကျပ်ငါး
သောင်း လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
                                                                                                  ဥာဏ်တိုး(iprd)

ရေနံမကျေးရွာ NLD အဖွဲ့ခေါင်းဆောင် ကိုဇော် နှစ်(၄၀)ပြည့်မွေးနေ့ပွဲ၌၈၈ငြိမ်းပွင့်အဖွဲ့ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေး



        
         မင်းလှ  မေ၂၈   
         မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ရေနံမကျေးရွာ တိုက်နယ်ဆေးရုံရှေ့တွင်ရှိသော NLD အဖွဲ့ခေါင်းဆောင် ကိုဇော်(ခ)
ဇော်ဆိုင်းနှစ်(၄၀)ပြည့် မွေးနေ့ပွဲ၌ ၈၈မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအဖွဲ့ဝင်များ မွေးနေ့ပွဲနှင့်အတူရွေးကောက်ပွဲဆိုင်ရာ
ကိစ္စရပ်များဆွေးပွဲကို မေလ(၂၇)ရက်နေ့ နံနက်(၇)နာရီတွင်စတင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

          ထိုအခမ်းအနား၌ မင်းလှမြို့နယ်NLDဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်လူ
ဦးရေ(၃၀)ခန့်တက်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအောင်နိုင်ရေးနှင့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး
ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်အကြောင်းအရာများကို လည်းတိုင်ပင်ဆွေးနွေးခဲ့ကြပြီး နေ့လည်(၁၂)နာရီတွင် မွေးနေ့ပွဲနှင့်ရွေးကောက်ပွဲဆိုင်ရာ
ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။
          
          မင်းထီး(ရေနံမ)

သရက်ခရိုင်ရွေးကောက်ပွဲကော်မရှ င်အဖွဲ့ခွဲမှရွေးကောက်ပွဲဆိုင်ရာအသိပညာပေး



မကွေးတိုင်းဒေသကြီးသရက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှရွေးကောက်ပွဲဆိုင်ရာအသိပညာပေးအစီအစဉ်ကိုမေ၂၈ရက်နံနက်၁၀နာရီကသရက်ခရိုင်သရက်မြို့နယ်ကော်မရှင်ရုံးခန်းမတွင်ကျင်းပပြုလုပ်သည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာအသိပညာပေးအစီအစဉ်တွင်မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္က္တဌဦးကြည်စိန်မှအမှာစကားပြောကြားပြီးမြို့နယ်အဆင့်နှင့်ရပ်ကွက်ကျေးရွာအုပ်စုလုပ်ငန်းလမ်းညွှန်ချက်များမဲရုံမှူးဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအားလုပ်ငန်းလမ်းညွှန်ချက်များကိုဆွေးနွေးပို့ချကြောင်းသိရသည်
"မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အနေနဲ့တိုင်းအတွင်းမှာဘာပြဿနာမှမရှိဘဲရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ကျင်းပပြုလုပ်ကြမှာဖြစ်တဲ့အတွက်အဆင့်ဆင့်အကောင်အထည်ဖော်ရာမှာချောချာမောမောဖြစ်အောင်ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ဝိုင်းဝန်းကာဆောင်ရွက်ကြစေချင်ပါတယ်"ဟုတိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဌမှအမှာစကားတွင်ထည့်သွင်းပြောကြားသည်။

မကွေးတိုင်းအတွင်းအတွင်းတွင်မဲရုံးပေါင်း၄၄၆၀ရှိရာအခြေခံမဲစာရင်းလူဦးရေ၂၈၈၀၀၀၀ကျော်ခန့်နှင့်နိုင်ငံရေးပါတီ၁၄ပါတီရှိပြီးဇွန်၈ရက်နေ့မှစတင်ကာမဲစာရင်းများကပ်ထားပေးမည်ဖြစ်ကြောင်းသိရသည်
၎င်းရွေးကောက်ပွဲဆိုင်ရာအသိပညာပေးအစီအစဉ်သို့မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနိုင်ငံရေးပါတီများအရပ်ဘက်လူမှု့အဖွဲ့အစည်းများတက်ရောက်ကြောင်းသိရသည်။
ညီမှူးအိမ်(အောင်လံ)