Thursday, April 2, 2015

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်အား ပညာသင်ထောက်ပံ့ကြေးပေးအပ်မည်


မကွေး        မတ်   ၃၁
    ပညာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ပညာသင်ထောက်ပံ့ကြေးစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲကို မကွေးမြို့ အထက-၄ တွင်ယနေ့နေ့လည်(၂)နာရီက ကျင်းပပြုလုပ်သည။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အဖွင့်အမှာ စကားပြောကြားပြီ ကမ္ဘာ့ဘဏ် ၀ါရှင်တန်ရုံးချုပ်မှ Mr. Jim Stevens မှနှုတ်ခွန်းဆက်အမှာစကားပြောကြားကာ မကွေးတိုင်းဒေသကြီးပညာရေးမှူးက အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
 
    အဆိုပါ  ပညာသင်ထောက်ပံ့ကြေးကို ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မကွေး တိုင်းဒေသကြီး၂၅မြို့နယ်မှ ထောက်ပံ့ပေးရန်အကောင်းဆုံး၅မြို့နယ်ကို ရွေးချယ်သွားမည်ဖြစ် ကြောင်း
သိရသည်။ ရွေးချယ်ရာတွင် ပါဝင်သော စံသတ်မှတ်ချက်များမှာအဆင်းရဲဆုံးမြို့နယ်မှကျောင်းများ၊
 ကျောင်းထွက်မှုအများဆုံးမြို့နယ်မှ ကျောင်းများ၊ ကျောင်းပြီးဆုံးမှုအနည်းဆုံးမြို့နယ်မှကျောင်းများကို စံထားပြီး ထောက် ပံ့ပေးသွားမှာဖြစ်ကြောင်းသိရသည်။ ရွေးချယ်ခံရသည့် မြို့နယ်များမှ မူလတန်းတစ်နှစ်လျှင် ကျပ်(၅၀၀၀၀ိ/)နှင့်(၁၀)လ အလယ်တန်းတစ်နှစ်လျှင်ကျပ်(၈၀၀၀၀ိ)နှင့်(၁၀)လ၊ အထက်တန်းတစ်နှစ်လျှင် ကျပ်(၁၀၀၀၀၀ိ)(၁၀)လသတ်မှတ်ထောက်ပံ့သွားမှာဖြစ်ပါသည်။
    ရွေးချယ်ရေးအဖွဲ့တွင် တိုင်းအဆင့်ဌာနဆိုင်ရာများး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NGO များ INGO များ ပညာရေးဝန်ထမ်းများက အဖွဲ့(၁၀)ဖွဲ့ခွဲပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်း၊ ဆော၊ ပေါက်မြို့နယ်များအား ကနဦးရွေးချယ်ထားရှိကြောင်းသိရသည်။
ညီညီမောင်

0 comments:

Post a Comment