ယခုလို ပူပြင်းသောနွေရာသီမျိုးတွင် အပူလေသင်တုန်း(Heat Stroke) ဖြစ်လျှင် ကြိုတင်ကာကွယ်၊ လုပ်သင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
အပူကြောင့်ကြွက်တက်တာ၊ အားကုန်ခန်းကြွက်တက်တာတွေကနေ
ပိုဆိုးလာတဲ့လက္ခဏာတွေက ကိုယ်အပူရှိန်ကို(၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထက်)
မြင့်တက်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ခေါင်းမူးဝေခြင်း၊ အရေပြားခြောက်ကပ်
ပူလောင် နီရဲလာခြင်း၊ အသက်ရှူမြန်လာခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊
သတိလစ်မေ့မြောခြင်းများ ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာရင် လူနာကိုအေးတဲ့နေရာမှာထားပြီး ခြေထောက်ကိုတစ်ပေလောက်အမြင့်ြေ မှာက်ထားပြီး အေးတဲ့အ၀တ်နဲ့ တကိုယ်လုံးကိုရေပတ်တိုက်ပြီးပန် ကာဖွင့်ထားပေးပါ။
ရေသောက်နိုင်မယ်ဆိုရင် ဓါတ်ဆားလိုအရည်တစ်ခုခု
ဖြည်းဖြည်းသောက်ခိုင်းပါ။ ၁၅ မိနစ်မှာ ၂၅၀ စီစီလောက်၊ ဒါမှမဟုတ်
သောက်ရေခွက်တစ်ဝက်ခန့်ဝင်အောင်ေ သာက်ခိုင်းပေးပါ။
မည်သည့်ဆေးမှမတိုက်ပါနဲ့ အရက်နဲ့ ကဖင်းပါတဲ့အရည်များကို
မတိုက်ပါနဲ့၊ အရေပြားကို လိမ်းဆေးပူတွေမလိမ်းပါနဲ့၊ လူနာက
တောက်လျှောက်သတိလစ်နေရင် အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်အောက်သို့မကျလျှင်၊
ရှေးဦးပြုစုပေးနေသော်လည်း ထူးခြားမှုမရှိရင်
ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ပါ ။
ပူအိုက်တဲ့ရာသီတွင် အ၀တ်အထည်ပွပွ၊ ပေါ့ပါးပြီးအရောင်ဖျော့သောအ၀တ် အထည်များဝတ်ဆင်ပါ။ အရိပ်အာဝါသကောင်းသောနေရာတွင် များများနေပါ။ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်မလုပ်မိပါစေနဲ့ ၊ အရည်များများသောက်ပါ၊ နေပူထဲရပ်ထားသောကားထဲသို့ ရုတ်တရက်မ၀င်ပါနဲ့၊ တံခါးဖွင့် လေအေးပေးစက်ဖွင့်ပြီးမှဝင်ပါ။
ကိုယ်က အ၀လွန်နေသူဖြစ်လျှင်၊ အသက်ကြီးသူဖြစ်လျှင်၊
နာတာရှည်ရောဂါတစ်ခုခုအတွက် ဆေးများပုံမှန်သောက်နေရလျှင်
အပူများသောနေရာများကို အထူးသတိပြုရှောင်ကျဉ်သင့်ပါကြော င်းသတိပေးလိုက်ပါတယ်။
အေကေကေ(တောင်တွင်းကြီး)
0 comments:
Post a Comment