Thursday, April 2, 2015

ရေစကြိုမြို့မဈေးကြီးအနီး အမျိုးသားတစ်ဦး သေဆုံးနေ

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နေ့လယ် (၂)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့မဈေးကြီး လမ်းဒေါင့်တွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက်(၄၀)ခန့်၊ အသားညို၊ အရပ်(၅)ပေ (၃)လက်မခန့်ရှိပြီး ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့်စုံစမ်းရာ အမှတ်(၄) ရပ်ကွက်ရှိ အာယုပါလ ဆွမ်းလောင်းဓမ္မာရုံတွင် တောင်းရမ်း စားသောက်နေသူ ဖြစ်ကြောင်းနှင့် မည်သည့် အရပ်ဒေသမှ လာရောက်နေထိုင်သည်ကို မသိကြောင်း၊ အနီးတစ်ဝိုက်ရှိ လူများမှ ကရင်လေးဟုသာ အမည်ခေါ်တွင် သိရှိကြကြောင်းနှင့် ၄င်းသည် အရက်အလွန်အကျွံ သောက်သူဖြစ်ကြောင်း စစ်ဆေး တွေ့ရှိ ရပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၂/၂၁၁၅) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment