ငဖဲ ဧပြီ
၂၇
မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာတွင်
ဧပြီ ၂၆ ရက်ညနေ ၄း၅၀ နာရီက ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ဆင်ချည်တိုင်ကျေးရွာ ပဒါန်း-ငဖဲ-စေတုတ္တရာ
ကားလမ်းမိုင်တိုင်အမှတ်(၂/၆) မိုင်အနီးကားလမ်း၏ တောင်ဘက်ဘေးတွင် လူတစ်ဦးသေဆုံးနေကြောင်း
ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးမှ သတင်းပေးပို့သဖြင့် ငဖဲမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ်ကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာပြည်သူများ
သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးလှမြင့်(၄၈)နှစ် (ဘ)ဦးဖိုးငြိမ်း ငဖဲမြို့နယ်
ချောင်းဖြူကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တစ်ဦးတည်းလမ်းလျှောက်သွားနေရာမှ အကြောတက်၍
လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း သုံးသပ်တွေရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ်ကျော်မျိုးမှ
တရားလိုပြုလုပ်၍ သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၅)ဖြင့် ငဖဲမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment