Thursday, April 9, 2015

ချောက်မြို့နယ်စမ်းစုနွားဈေးမှ တစ်ရက်တည်းနှင့်နွားအကောင်(၁၀၀)အား ပြင်ဦးလွင်တပ်နယ်အတွက်ဆိုပြီး ၀ယ်ယူကြောင်းသိရ


မကွေးတိုင်းဒေသကြီးချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့စမ်းစုကျေးရွာနွားဈေးမှ ၂၀၁၅ခုနှစ်မတ်လ(၈)
ရက်ဈေးနေ့တွင်ပြင်ဦးလွင် တပ်နယ်အတွက်ဝယ်ယူရရှိသွားကြောင်းသိရသည်။

အဆိုပါနွားများဝယ်ယူခွင့်ရရှိသူမှာ ဦးအောင်လွင်ဦးဖြစ်ပြီးနွားတင်ဆောင်သယ်ယူခွင့်ရရှိသော ကားများမှာ
၁စ/၇၃၃၄။ ၂စ/၂၂၆၂။ ၃ဂ/၃၇၆၈ ကားများဖြစ်ကြောင်းမြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ
ပြောကြားသည်။

နွားပွဲဈေးတွင်အဆိုပါတာဝန်ရှိသူမှဝန်ထမ်းတစ်ဦးနွားအ၀င်အထွက်အရောင်းအ၀ယ်စာရင်းစစ်ဆေးတင်ပြနိုင်ရန်စေလွတ်ထားကြောင်းပြောကြားသည်။

အရောင်းအ၀ယ်အခွန်အခကောက်ခံသောရုံးခန်းသို့
သွားရောက်မေးမြန်းရာမတွေ့ခဲ့ရပါ။

မန္တလေးတပ်နယ်အတွက် ၀ယ်ယူခွင့်ရရှိထားသောနွား၆၆ကောင်မှာ( ၈)ရက်နေ့တွင်ပြည့်မှီသွားပြီဖြစ်ကြောင်း
နွားပွဲဈေးလုပ်ငန်း လိုင်စင်ရရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါနွားဈေးကြောင့်ဒေသခံပြည်သူများအတွက်အထောက်ကူရရှိကြောင်း လိုင်စင်ရဦးစိန်လှဝင်းကပြော
ကြားသည်။

နွားများဝယ်ယူခွင့်ရရှိသောသူ စစ်တပ်မှ တာဝန်ခံအား မတွေ့ရပဲ ၊ ကုလားလူမျိုးများသာတွေ့ခဲ့ရသည်။

နတ်မောက်သားမြွေဟောက်
(ဓါတ်ပုံမှာစမ်းစုနွားပွဲဈေးနှင့်နွားများကားပေါ်တင်ဆောင်နေသေည့်ပုံ)

0 comments:

Post a Comment