Wednesday, April 29, 2015

မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

ပြည်သူအများသွားလာနိုင်တဲ့
စည်ပင်သာနယ်နမိတ်
ကျူးကျော် ဆောက်လုပ်ထားတဲ့
အမိုးအကာ ဈေးဆိုင်တန်း
အားလုံး ဖျက်သိမ်းဖို့
လမ်းမကြီးတွေကစ
လုပ်ဆောင်သွားတော့မယ်လို့
မြို့နယ်စည်ပင်သာယာရေးအဖွဲ့က
ပြောကြားလိုက်ပါတယ်။
မကွေးမြို့ပေါ်မှာ
ဗိုလ်ချုပ်လမ်း၊ပြည်တော်သာလမ်း၊သစ္စာလမ်း၊မေတ္တာလမ်း၊
အဝေယျာ၊သုခိတာစတဲ့လမ်းမတွေပေါ်ကျူးကျော်ဆောက်လုပ်ထားတဲ့
မည်သည့် အဆောက်အဦးမဆိုဖယ်ရှားမယ်လို့ဆိုပါတယ်။
အချို့နေထိုင်သူများဟာ
လမ်းမပေါ်ထိ အဆောက်အဦးချဲ့ထွင်ခြင်း၊
ကိုယ်ပိုင်ဝန်းခတ်ခြင်း၊ကားထားရန်အလို့ငှာ၊
လဘက်ရည်ဆိုင်ထွက်ခြင်း၊
ဈေးဆိုင်များဆောက်လုပ်ကုန်သွယ်ခြင်းများရှိလာနေပြီး
အများပြည်သူ သွားလာနိုင်ရေးကိုပါထိပါးနှောက်က်ယှက်လာတဲံ့အပြင်
ပိုင်ဆိုင်လိုမှုများပါ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ခုလိုဆောင်ရွက်တာဖြစ်ပါတယ်။
အထက ၁ လမ်းလည်းပါပါတယ်

0 comments:

Post a Comment