၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက်(၉) နာရီခွဲအချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မျိုးနိုင်နှင့်အဖွဲ့သည်
သက်သေများနှင့်အတူ မကွေးမြို့ပေါ်နယ်မြေသတင်း စုံစမ်းနေစဉ် မကွေး
တက္ကသိုလ်လမ်းဆုံအနီးရှိ `ရွှေစင်တစ်သိန်း´ လက်ဘက်ရည်ဆိုင်အနီး လမ်းဘေး၌
မသင်္ကာဖွယ် လူငယ်(၃)ဦး သည် YAMAHA FZ-125 အနက်ရောင် ဆိုင်ကယ်တစ်စီး အား
လိုက်လံရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ မင်းလှမြို့နယ်၊ ငနောင်မုန်းမှော်အတွင်း ကျပန်းလုပ်ကိုင်သူ
ရန်ကုန်တိုင်းဒေသ ကြီး၊ ရွှေပြည်သာမြို့နယ်နေသူ အောင်မျိုးမင်း (ခ)ဆံရှည်
(၂၂) နှစ်သည် ၄င်းနှင့်မယားညီအစ်ကို များ တော်စပ်သူ မင်းဘူး(စကု)မြို့နယ်၊
ပေါက်လေးပင်ရွာနေသူများ ဖြစ်သော ဇော်သန်းဦး (၃၂) နှ စ်နှင့် အောင်ကြီး (ခ)
အောင်မြင့်သိန်း (၂၆) နှစ်တို့နှင့်အတူ လာရောက် ရောင်းချသော ဆိုင်ကယ်နှင့်
ပတ်သက်၍ စစ်မေးရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားများ
ပြောဆိုနိုင်ခြင်း မရှိသဖြင့် အောင်မျိုးမင်း (ခ)ဆံရှည်ပါ (၃)ဦးအား
မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၄၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄
အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။ မကွေးသတင်းစုံ
0 comments:
Post a Comment