Thursday, April 2, 2015

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဉာဏ်တော် ၇၂ ပေအမြင့်ရှိပုပ္ပါးတောင်ကလပ်တော်ကြီး နှင့်ပြည်တော်အေးကပ်ကျော်စေတီတို့အား ရွှေထီးတင်လှူမည်





  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အကွက်(၁၃၀)ရပ်ကွက် ရွှေပေါက္ကံလမ်းမကြီး အဘအောင်မင်း
ခေါင် "ကံပေါ်ရိပ်သာ ဝိပဿနာ ကျောင်းတိုက်"တွင် အချင်းပတ်လည် ၃၆ပေ၊ဉာဏ်တော် ၇၂ ပေ အမြင့်ရှိသော ပုပ္ပါး
တောင်ကလပ်တော်ပေါ်တွင် တည်ထါးတော်မူသည့် "ပြည်တော်အေး ကပ်ကျော်"ကိုးနဝင်းကမ္ဘာလုံးရွှေစေတီမြတ်ကြီးနှင့်
အရံရွှေစေတီတော်(၈)ဆူတို့ကို ဧပြီလ ၅ ရက်နေ့၌ ရွှေထီးတော်များကို အလှူဒါယကာများဖြစ်ကြသော ဦးတင့်လွင်(Gol
den Bell)ဗီဒီယိုထုတ်လုပ်ရေး မိသားစု၊ဒါရိုက်တာ ဇမ္ဗူထွန်း ဦးသက်လွင်(Super Star)ရုပ်ရှင်/ဗီဒီယိုထုတ်လုပ်ရေး
မိသားစု၊ပုပ္ပါးတောင်ကလပ်တော်ကြီး တည်ဆောက်ရေးတာဝန်ခံ ဦးကြည်မက်းဟန်(Dagon Myae Star အိမ်၊ခြံ၊မြေ
အကျိုးတော်ဆောင်)မိသားစု၊ရုပ်ရှင်နှင့်ဗီဒီယိုသရုပ် စွမ်းဇာနည်(စွမ်း အဆင့်မြင့် ဇာတ်သဘင်)မိသားစု များ၊ဦးရွှေကို+ဒေါ်
အေး (သပြေ အိမ်၊ခြံ၊မြေ အကျိုးတော်ဆောင်)မိသားစုတို့နှင့်အတူ ၇ ရက်သား/သမီးမိသားစုများနှင့်ရွှေထီးတောတင်
အလှူ မင်္ဂလာအခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။

  အဆိုပါ ပြည်တော်အေးကိုးနဝင်းကပ်ကျော်ရွှေစေတီမြတ်ကြီးကိုကံပေါ်ရိပ်သာ ဝိပဿနာကျောင်းတိုက်မှဦးစီး ပဋ္ဌာန နာယက ဆရာတော်ဦးနန္ဒမာလာ ဦးစီးဆောင်ရွက်၍ ၇ ရက် သားသမီးဒါယကာ ဒါယကာမအပေါင်းတို့ဖြင့်အချင်းပတ်လည် ၃၆ ပေ ဉာဏ်တော်
၇၂ ပေအမြင့်ရှိ ပုပ္ပါးတောင်ကလပ်တော်ကြီးနှင့်မခြား ၂၀၁၄ ခုနှစ်၌စတင်တည်ထါးရာကျပ်သိန်းပေါင်း(၄၅၀)ခန့်ဖြင့်အောင်မြင်ပြီးစီးသဖြင့်၁၃၇၆ခုနှစ်၊တန်းခူးလ
ပြည့်ကျော်(၂)ရက်နေ့ နံနက် ၄နာရီမိနစ် ၅၀ အချိန်မှစတင်၍ဘုရားပင့်ခြင်းအစီအစဉ်၊၆ နာရီ ၃၀မိနစ်အချိန်၌အဘဘိုးတော်
အောင်မင်းခေါင် အားပင့်ခြင်း နေကဇာတင်ခြင်း တရားနာခြင်းကိုနံနက် ၈ နာရီ၁၀ မိနစ် အစီအစဉ်နှင့်ကျင်းပခြင်းရွှေထီးတော်တင်
ခြင်းအခမ်းအနားကို၉ နာရီ ဝ၉မိနစ်အချိန်၌စတင်ပြီးအရံစေတီရှစ်ဆူတို့အားတပါတည်းတင်လှူမည်ဖြစ်ကြောင်း ၁၃၀ ရပ်ကွက်မှဦးရွှေ
ကိုကပြောပြသည်။

  ၎င်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ၁၃၀-ရပ်ကွက် ရွှေပေါက္ကံလမ်းမကြီးပေါ်ရှိ အဘအောင်မင်းခေါင်"ကံပေါ်ရိပ်သာ ဝိပဿနာ
ကျောင်းတိုက်"တွင်ပုပ္ပါးတောင်ကလပ်တော်ကြီးပေါ်တွင်တည်ထားကိုးကွယ်သော ပြည်တော်အေး ကိုးနဝင်းကပ်ကျော်ရွှေစေတီမြတ်
ကြီး၏ ရွှေထီးတင်အလှူမင်္ဂလာ အခမ်းအနားတွင်ရုပ်ရှင်ဂီတသဘင်အနုပညာများမှ ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိညစဉ်
၉ နာရီအချိန်မှစတင်၍အောင်ပွဲအထိမ်းအမှတ်အဖြစ်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ဇွဲထက်ရှင်

0 comments:

Post a Comment