မင်းဘူး ဧပြီ
၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးဘုန်းမော်ရွှေ နှင့်အတူစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ
လိုက်ပါ၍ ဧပြီ ၆ ရက် နံနက် ၈ နာရီက မင်းဘူး (စကု)မြို့နယ် ရွာသာယာတိုက်နယ်ဆေးရုံတွင်
ဆေးရုံဝန်းအတွင်း ခွဲစိတ်ခန်း၊ဆေးသိုလှောင်ခန်း၊ သားဖွား ခန်းတို့အား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးနှင့်တိုက်နယ်ဆရာဝန်တို့မှ
ဆေးပစ္စည်းများ ရရှိမှုအခြေအနေ၊လူနာကုသမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ဆေးရုံဝန်းအတွင်း အမျိုးသား/အမျိုးသမီးလူနာဆောင် တို့တွင် ဆေးရုံတက်ရောက်ကုသနေသော ဆေးရုံတက်လူနာများအား
ကြည့်ရှုအားပေးစကားပြောကြား၍ အဟာရပစ္စည်းများလှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ရွာသာယာ-နန်းတော်ကုန်း- ရေပေါ်လမ်းပေါ်မှ ထန်းပင်ရင်းချောင်းအား ဖြတ်၍ ရေကျော်တည်ဆောက်နေမှုအား
ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
မင်းဘူး(စကု)မြို့နယ် မုန်တောင်တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝန်းအတွင်းရှိ
ဆေးသိုလှောင်ခန်း၊ခွဲစိတ်ခန်း၊
သားဖွားခန်း၊ပြင်ပလူနာကြည့်ရှုခန်းတို့ကို ကြည့်ရှုစစ်ဆေး၍
ဆေးရုံတက်လူနာများအားကြည့်ရှုအားပေးကာ မုန်တောင်တိုက်နယ်ဆေးရုံအားတိုက်နယ် အတွင်း အားကိုးရမည့်
အားကိုးရမည့် ဆေးရုံဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီိးကျန်းမာရေး ဦးစီးမှူး နှင့်တိုက်နယ်တာဝန်ခံဆရာဝန်တို့အား
ဆောင်ရွက်ရမည့် လုပ်ငန်းများကိုမှာကြားကာ တိုက်နယ်ဆရာဝန်၏ တင်ပြချက်များကို ဌာနဆိုင်ရာများနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းဘူး(စကု)မြို့နယ်
သီးကုန်းကျေးရွာနှင့်ကျွန်းပြား ကျေးရွာ ကျေးရွာရွာဦးဆရာတော်တို့အား ၀င်ရောက်ဖူးမြော်ပြီး
လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကာ ကျေးရွာများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှဒေသဖွံ့ဖြိုးရေးအတွက်
ဆောင်ရွက်ပေးမည့်လုပ်ငန်းများ၊ကျန်းမာ
ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုများကို
လျှောက်ထားပြီး ဆရာတော်နှင့်ကျေးရွာရပ်မိရပ်ဖများမှ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment