Friday, April 3, 2015

တောင်တွင်းကြီးမြို့နယ်တွင် လောင်းကစားပြုလုပ်သူအား အမှုဖွင့်အရေးယူ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် (၁၁း၄၅) အချိန်ခန့်တွင် ပြည်သူတစ်ဦး၏ သတင်းပေး တိုင်တန်းချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးနိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ တောင်တွင်းကြီးမြို့၊ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာနေ ဦးကြည်မြ (၅၈)နှစ်၏ နေအိမ် အတွင်းသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၄/၂ဝ၁၅)ဖြင့် ဝင်ရောက် ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။
 တောင်တွင်းကြီးမြို့၊ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာနေ ဦးကြည်မြ (၅၈)နှစ်မှာ နေအိမ် အနောက် ဘက်တံခါး အပေါက်မှထွက်ပြေးပြီး သုံးလုံးချဲထီအကွက်စာအုပ်(၁)အုပ်၊ ဘောင်ချာစာအုပ် (၁)အုပ်အား ခြံစည်းရိုးချင်းကပ်လျှက်ရှိ ဒေါ်မြနှစ်၏ နေအိမ်ဝိုင်းအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ လောင်း ကစား စာရွက် စာတမ်း ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ ၂၂၅ဝဝိ/-တို့အား ဦးကြည်မြ၏ နေအိမ်အတွင်း စက္ကူပုံး ထဲမှတွေ့ရသဖြင့် သုံးလုံးထီနှင့် ဘောလုံးလောင်းကစား ပြုလုပ်သူ ဦးကြည်မြ (၅၈)နှစ် အား တောင်တွင်း ကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၅၃/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment