Thursday, April 2, 2015

ပွင့်ဖြူမြို့နယ်တွင် ၂၀၁၅ခုနှစ်အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲ ကျင်းပ




ပွင့်ဖြူ      ဧပြီ     
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၂၀၁၅ခုနှစ် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု အခမ်းအနားကို ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပံခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ရေနံချောင်းဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်လှိုင်နှင့်ကြီးကြပ်သူဆရာ/ဆရာမများ
 ရေနံချောင်းဒီဂရီ ကောလိပ်မှ ပွင့်ဖြူမြို့နယ်တွင် ၂၀၁၅ခုနှစ် အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးမည့် လုပ်အားပေး ကျောင်းသား/သူများ မင်းဘူးခရိုင်နှင့်ပွင့်ဖြူမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ပွင့်ဖြူမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့်ကျေးရွာများမှ ဖွံ့ဖြိုးရေးနှင့်အထောက်အကူပြု ကော်မတီင်္ ၀င်များ၊ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။


          အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ မကွေးတိုင်းဒေသကြီး အတွင်း ၂၀၁၅ခုနှစ် နွေရာသီအခြေခံစာတတ်မြောက်ရေး လုပ်ငန်းများအား ပွင့်ဖြူမြို့နယ်နှင့် အောင်လံမြို့နယ်များတွင် ဆောင်ရွက်မှာဖြစ်ပြီး ပွင့်ဖြူမြို့နယ်တွင် ရေနံချောင်းဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ ကြီးကြပ်မှုဖြင့် ရေနံချောင်းဒီဂရီကောလိပ်မှ စေတနာ့ဝန်ထမ်း လုပ်အားပေး ကျောင်းသား/သူများမှ အခြေခံပညာကျောင်းဆရာ/ဆရာမများနှင့်လက်တွဲ၍ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စေတနာအပြည့်နှင့် လာရောက် လုပ်အားပေးသင်ကြားသော ရေနံချောင်း ဒီဂရီကောလိပ်မှ ကျောင်းသား/သူများကို ဂုဏ်ယူမှတ်တမ်းတင်ရမှာဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့်  ပရဟိတလူမှုရေး စိတ်ဓာတ်များရှိလာရေးအတွက် ပြုစုပျိုးထောင်လေ့ကျင်ရန်လိုအပ်ကြောင်း စာမတတ်သူ ပပျောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့်အတွက် နိုင်ငံအတွက်လည်း ဂုဏ်ယူ ၀မ်းမြောက်ဖွယ်ကောင်းကြောင်းနှင့် ရပ်ရွာအတွင်း ဒေသန္တရ ဗဟုသုတများလေ့လာ ဆည်းပူးရေး ရပ်ရွာစည်းကမ်းများကိုလိုက်နာရေးတို့ကို အကျယ်တ၀ံ့ပြောကြားသွားသည်။

          ဆက်လက်၍ ရေနံချောင်ဒီဂရီကောလိပ် ကျောင်အုပ်ကြီးမောင်မောင်နိုင်မှ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ် နွေရာသီစာတတ်မြောက်ရေးလုပ်အားပေး ရေနံချောင်း ဒီဂရီကောလိပ်မှကျောင်းသား/သူများအား စည်းကမ်းပိုင်းများ၊အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်မဖြစ်ပွား ရေး ၊ကျန်းမာရေးကိစ္စများ၊သက်ဆိုင်ရာကျေးရွာအလိုက် ရပ်ရွာစည်းကမ်းများလိုက်နာရေးတို့ကို ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာတတ်မြောက်ရေးလုပ်အားပေး ကျောင်းသား ကျောင်းသူများအား စာတတ်မြောက်ရေးလုပ်အားပေး အထိမ်းအမှတ် လက်စွဲအိပ်၊တီရှပ်၊ ဦးထုပ်၊ ကျန်းမာရေးသုံးပစ္စည်းများ၊မျက်နှာသုပ်ပ၀ါများကိုကျေးရွာအုပ်စုအလိုက် တာဝန်ကျ ကျောင်းသား ကျောင်းသူများအား ပေးအပ်ခဲ့ပြီး လုပ်အားပေးကျောင်းသား/သူများကိုယ်စား စတုတ္ထနှစ် ရူပဗေဒကျောင်းသား မောင်သက်အောင်မှ လုပ်အားပေးတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ပြီး ရပ်ရွာစည်းကမ်းများအားလိုက်နာမည်ဖြစ်ကြောင်းကို ပြန်လည်ကတိပြု ပြောကြား ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment