Thursday, April 30, 2015

ပင်းမြို့ဟောင်းနယ်တွင် မြန်မာ့ရိုးရာလက်မှုပညာဖြစ့်သည့်ယက္ကန်းပညာကိုလက်ဆင့် ကမ်းထိန်းသိမ်းလျှက်ရှိ



  မကွေး  ဧပြီ  ၂၈
  မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပင်းမြို့ဟောင်း၏အနောက်တောင်ဘက် ၁မိုင်နှင့် ၆ ဖာလုံခန့်တွင်တည်ရှိသော တောင်
ထောင့်ကျေးရွာအုပ်စု တောင်ထောင့်၊ကုန်းဇောင်းကျေးရွာတို့၌မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့် ယက္ကန်းပညာကိုစဉ်ဆက်မပြတ်ထိန်း
သိမ်းလျှက်ရှိကြောင်းသိရှိရသည်။  တောင်ထောင့်ကျေးရွာတွင်အိမ်ခြေ ၂၇၀ ခန့်နှင့်ကုန်းဇောင်းကျေးရွာတွင်အိမ်ခြေ ၃၂၀ ခန့်ရှိပြီး
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကအားထားလုပ်ကိုင်ကြသည်။လယ်ယာလုပ်ငန်းပြီးစီးချိန်များတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည့်
ဝါဖန့်ခြင်း၊ဗိုင်းငင်ခြင်း၊ချည်ထိုးခြင်း၊ချည်နင်းခြင်းနှင့်ယက္ကန်းယက်ခြင်းကိုအမျိုးသမီးများတပိုင်တစ်နိုင်လုပ်
ကိုင်နေကြပြီးမြန်မာ့ရိုးရာ
လက်မှုပညာတစ်ရပ်အနေဖြင့်ထိန်းသိမ်းလုပ်ကိုင်လျှက်ရှိသည်။

  "ကျွန်မတို့ရွာတွေမှာ ယခုလိုနွေရာသီဆိုရင် အမျိုးသမီးတွေ ကြိတ်ပြီးသားဝါကိုဗိုင်းငင်ရန်အတွက်ဝါဖန့်ကြ ဝါဖန့်ပြီးဝါလိတ်
များကိုချည်ဖြစ်အောင်ဗိုင်းငင်ကြတယ်။ချည်အဖြစ်ရရှိလာတဲ့ ချည်ကိုထမင်းရယ်ကိုယ်လိုတဲ့အရောင်နဲ့စပ်ပြီးချည်နင်းပြီးနေလှမ်းကြရ
တယ်။စိတ်ကြိုက်ရရှိတဲ့အနေအထားရရင်ယက္ကန်းယက်ဖို့ချည်ဖောက်ကြနဲ့အလုပ်မပြတ်ကြဘူး
။ယောက်ျားတွေများ လယ်ယာလုပ်
ငန်းခွင်ဝင်နိုင်အောင်အဆင့်သင့်ပြင်ဆင်ကြသလို အမျိုးသမီးများအနေနဲ့လည်း အဝတ်အထည်မပူပင်ရအောင် အိမ်တွင်းမှုလုပ်ငန်း
ဖြစ်တဲ့ယက္ကန်းယက်ကြတယ်။အိမ်တိုင်းမှာယက္ကန်းစင်ကိုယ်စီရှိကြသလို အပ်ချုပ်စက်ကိုယ်င်္စီရှိကြတယ်။မိသားစုဝတ်ဖို့ပိုတဲ့အပြင်
လက်လီ လက္ကားရောင်းကြရတယ်။ရှစ်တောင်ထိုး ကျားဝတ်လက်ရှည်တစ်ထည်ကိုလက္ကားဈေး ၃၂၀၀ကျပ်နဲ့ရောင်းပေးပြီးနတ်မောက်
ကျောက်ပန်းနဲ့အခြားမြို့တွေကိုလည်းရောင်းကြရတယ်"ဟုကုန်ဇောက်းရွာမှအမျိုးသမီးတစ်ဦးကပြောပြသည်။

  ပင်းမြို့ဟောင်းဒေသသည် ပျူခေတ်မှစတင်၍ရှေးဘုရင်များလက်ထက်ကတည်းက ယက္ကန်းယက်ခြင်းပညာကိုတည်ရှိခဲ့ပြီး ၂၁
ရာစုခေတ်အထိ မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့် ယက္ကန်းယက်ခြင်းပညာကိုဆက်လက်ထိန်းသိမ်းလျှက်ရှိသဖြင့် ၎င်းဒေသများတွင်
ယနေ့အချိန်အထိ "အဝတ် ခြံပေါက် အစား ခြံပေါက်"ဟူသောစကားသည်လူတိုင်င်းနေ့စဉ်အသုံးပြုနေကြောင်း၊ယက္ကန်းယက်ခြင်းပညာ
ကိုလည်း မြန်မာ့ရိုးရာလက်မှုပညာတစ်ရပ်အနေဖြင့်လည်းကောင်း၊မိရိုးဖလာရိုးရာအမွေအဖြစ်
လည်းကောင်းဆက်လက်ထိန်းသိမ်း
သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဇွဲထက်ရှင်

0 comments:

Post a Comment