Tuesday, April 28, 2015

မိုးရာသီရေစီးရေလာကောင်းမွန်ရေးရေမြောင်းများပြုပြင်ဆောင်ရွက်



နတ်မောက်       ဧပြီ ၂၈
နတ်မောက်မြို့ရှိမြို့မဈေးကြီးအနောက်ဘက်နှင့်မြောက်ဘက်ရှိရေမြောင်းများနှင့်ရွှေဘုံသာလမ်းဘေးဝဲယာရေမြောင်းများကိုယမန်နေ့ကမိုးရာသီရေစီးရေလာကောင်းမွန်ရေးအတွက်ရေမြောင်းများပြုပြင်ဆောင်ရွက်ခဲ့သည်။အဆိုပါရေမြောင်းများပြုပြင်ရာတွင်မြို့နယ်စည်ပင်သာယာရေအဖွဲ့အမူဆောင်အရာရှိမှကြီးကြပ်မူဖြင့်ရွှေဘုံသာလမ်းဘေးဝဲယာရေမြောင်းများ၊ဈေးရပ်ကွက်ရန်အောင်မြင်လမ်းရှိလမ်းဘေးဝဲယာရေမြောင်းများနှင့်မြို့မဈေးကြီးမြောက်ဘက်နှင့်အနောက်ဘက်ရှိရေမြောင်းများအားမိုးရာသီရေစီးရေလာကောင်းမွန်စေရေးအတွက်ရေမြောင်းများအတွင်းပိတ်ဆို့နေသောအမှိုက်များနှင့်နှုန်းမြေများအားမြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများကရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။             လှဝင်း

0 comments:

Post a Comment