Thursday, April 9, 2015

မကွေးမြို့နယ် ထုံးပေါက်တော(မြောက်)ရွာ မီးလောင်မှုဖြစ်ပွား




မကွေးမြို့နယ်၊ ထုံးပေါက်တော(မြောက်)ကျေးရွာတွင် ၂၀၁၅၊ ဧပြီ(၉)ရက်၊ နေ့(၁၂း၄၅)နာရီအချိန်ခန့်တွင် မီလောင်နေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ မကွေးမြို့နယ်မီးသတ်စခန်းသို့ တယ်လီဖုန်းသတင်းပေးပိုကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။

အဆိုပါမီးလောင်သော ထုံးပေါက်တော(မြောက်ရွာ)နေ အိမ်ရှင် ဦးသက်နိုင်စိုး(၃၂)နှစ်၊(၁၂ပေ)ပတ်လည် ၀ါးကြမ်းခင်း၊သက်ကယ်မိုး၊ထရံကာ၊အိမ်သို့ နေ့လည် ၁နာရီအချိန်ခန့်တွင် မကွေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်နှင့်တပ်ဖွဲ့ဝင်(၃)ဦး သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် ရွာသူရွာသားများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ နေ့(၁၂း၄၈)နာရီအချိန်ခန့်တွင် မီးငြှိမ်းခဲ့ကြောင်း၊ မီးလောင်ရာတွင် မီးသတ်ဆေးဘူး နှင့် အပေါ့စားမီးသတ်စက်အား အသုံးပြုငြှိမ်းသတ်ခြင်းမရှိကြောင်း၊ မီးလောင်ဆုံးရှုံးမှုမှာ တန်ဘိုးငွေငါးထောင်ကျပ်၊ လူ၊တိရ စ္ဆာန်ထိခိုက် သေဆုံးခြင်းမရှိ၊ မီးလောင်ခြင်းမှာ မီးဖိုးကာရံထားသော ထရံကြားတွင် မီးညှိထားသော ဆေးလိပ်အားညှပ်ထား၍ ထရံသို့မီးစတင်ကူးစက်လောင်ကြွမ်းကြောင်း မြို့နယ်မီးသတ်မှတ်တမ်းအရ သိရသည်။

မီးလောင်မှုကြောင့် (ဘ)ဦးဂျစ်တူး(ခ) ဦးမြတ်ခိုင်၏သား ဦးသက်နိုင်စိုး(၃၂)၊အား မကွေးမြို့မရဲစခန်းမှ (ပ)၁၂၂/၂၀၁၅၊ ပုဒ်မ-၂၈၅ ဖြင့်အရေးယူဆောင်ရွက်ထားကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။
မြေလတ်မီဒီယာ

0 comments:

Post a Comment