Friday, April 3, 2015

သရက်မြို့နယ်တွင် ချဲထီလောင်းကစားပြုလုပ်သူများအား အမှုဖွင့်အရေးယူ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်(၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သရက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သရက်မြို့ အနောက်ဘက်မှ မြို့အတွင်းသို့ မောင်းနှင်လာသည့် ၃၄ယ/xxxx ၊ နံပါတ်ပါကန်ဘို-၁၂၅ အစိမ်းရောင် ဆိုင်ကယ်အား ပျဉ်ထောင်အုပ်စု၊ ပျဉ်ထောင်ကျေးရွာလမ်းပေါက် အနောက်ဘက် (၂)ဖာလုံခန့် အကွာ မန်ကျီးပင်အောက်တွင် ရပ်တန့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆိုင်ကယ်မောင်းနှင်သူ မင်းလှမြို့နယ်၊ ဘင်္ဂကျေးရွာနေ ကျော်သောင်း(၄၇)နှစ်ဝတ်ဆင်ထားသော GIORENZ0 စာတမ်းပါ အစိမ်းရောင်အနွေးထည်အင်္ကျီအိတ်အတွင်းမှ ချဲထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ငွေစက္ကူရောရာ ၂၃၃ဝဝဝိ/-နှင့် ၃၄ယ/xxx ၊ နံပါတ်ပါ ကန်ဘို -၁၂၅ ဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ်ဝှီးတက်နှင့်သော့တို့အား သိမ်းဆည်းရမိသဖြင့် ချဲထီလောင်း ကစား ပြုလုပ် သူ ကျော်သောင်းအား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း၊
 ကျော်သောင်း(၄၇)နှစ်မောင်းနှင်လာသော ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ဆင်ပေါင်ဝဲ မြို့နယ်၊ ရွာပုလဲကျေးရွာနေ တင်သန်း(၅၃)နှစ် ကျောပိုးထားသော Boneno တံဆိပ်ပါ အဖြူရောင် ကျောပိုးအိတ် အတွင်းမှ ချဲထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ငွေစက္ကူ ရောရာ ၄၆၇၃ဝဝိ/- တို့အား သိမ်းဆည်းရမိသဖြင့် ချဲထီလောင်းကစားမှုပြုလုပ်သူ တင်သန်းအား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၃၆/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment