Saturday, April 25, 2015

မဟာအေးစေတီ ရွှေပြားသင်္ကန်းကပ်လှူပွဲကျင်းပမည်


ချောက် ဧပြီ ၂၄ ရက် 
မဟာအေးစေတီမြတ်စွာဘုရားကြီးသည် ချောက်မြို့၏ကျက်သရေဆောင်စေတီကြီးတစ်ဆူဖြစ်ပြီး သက္ကရာဇ် ၁၃၇၀ ခုနှစ်က ရွှေသင်္ကန်းကပ်လှူခဲ့သည်။ မိုးဒဏ် လေဒဏ်ကြောင့် ယခုအခါ ရွှေသင်္ကန်းရောင်တော်များ သပ္ပါယ်ကြည်ညိုဖွယ်အသွင်မရှိသဖြင့် ၁၃၇၇ ခုနှစ် ၊ (၈၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အမီ ရွှေသင်္ကန်းများကို အသစ်တဖန် လုံးတော်ပြည့်ကပ်လှူပူဇော်မည်ဖြစ်သည်။ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ရွှေဆိုင်းပေါင်း (၆၅၀)ခန့် ကုန်ကျမည်ဖြစ်ပြီး တန်ဖိုးငွေကျပ် သိန်း(၂၈၀)ခန့် ကုန်ကျမည်ဖြစ်သည်။ ကုန်ကျငွေတန်ဖိုးပမာဏကို အများကုသိုလ်စွမ်းအားဖြင့် ဆောင်ရွက်မှသာ ပြီးမြောက်အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် စုပေါင်းကုသိုလ်အနေဖြင့် မိမိတို့၏ သဒ္ဓါစွမ်းအားနိုင်သလောက်ပါဝင်လှူဒါန်းနိုင်ကြောင်း ၊ လှူဒါန်းသောအလှူရှင်များနှင့်အလှူငွေကျပ် (၅၀၀၀၀/-)အထက် အလှူရှင်များအား စေတီတော် ရင်ပြင်တွင် ကျောက်စာကမ္ဗည်းဖြင့် သာသနာ့မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း နှင့်  မဟာအေးစေတီ မြတ်စွာဘုရား ချောက်မြို့ အကျိုးဆောင် ဂေါပကအဖွဲ့ ဖုန်းနံပါတ် ၀၆၁- ၂၁၄၅၉ ၊ ၀၉-၃၃၀၈၆၁၂၄ သို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ကြောင်း အကျိုးဆောင်ဂေါပကအဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက်အရ သိရှိရသည်။                                                       
 မချို ( ချောက် )                                                        

0 comments:

Post a Comment