Thursday, April 2, 2015

မဆင်မခြင်မောင်းနှင်သဖြင့် ရပ်ထားသည့် ဝါးကား နောက်ခြမ်းအား ဝင်ရောက်တိုက်မိ၍ ၂ ဦးသေဆုံး

၂၀၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ည (၁၀) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဆိပ်ဖြူ-ဆော ကားလမ်း မိုင်တိုင် အမှတ် (၂၂/၄)နှင့် (၂၂/၅) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆိပ်ဖြူမြို့နယ်၊ ငှက်ပြာကြီးကျေးရွာနေ အောင်မိုး(၃၈)နှစ်မောင်းနှင်သည့် မ/xxxx ၊ (၆)ဘီး၊ ဟီးနိုး ယာဉ် သည် ဝါးများတင်ဆောင်၍ ငှက်ပြာကြီးကျေးရွာမှ ဆိပ်ဖြူမြို့ဘက်သို့ ဆိပ်ဖြူ-ဆော ကားလမ်း အတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၂၂/၄)နှင့် (၂၂/၅)အရောက်တွင် ကားနောက်ဘီးပေါက်၍ လမ်းဘေး ချရပ်ထားစဉ် ည (၁၀) နာရီအချိန်ခန့် ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာအုပ်စု၊ ရေကျော် တဲတိုက် နေ ၊ အောင်မိုးလင်း(၂ဝ)နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ကြာညို(၂၄)နှစ်လိုက်ပါ လာ သည့် ယာယီ MM/xxx ၊ FRMC-NEW-CZ-I3 အနက်ရောင်ဆိုင်ကယ် သည် ကျောင်းရွာကျေးရွာ ဘက်မှ ရေကျော်တဲတိုက်ဘက်သို့ မောင်းနှင်လာစဉ် ရှေ့တွင်ရပ်ထားသည့် ဝါးကားနောက်ခြမ်းအား ဝင်ရောက် တိုက်မိပြီး အောင်မိုးလင်းတွင် ဦးခေါင်းညာဘက်ပွန်းပဲ့ဒဏ်ရာနှင့် ကြာညိုတွင် ညာ ဦးခေါင်း ထိပ် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာနား သွေးထွက်ဒဏ်ရာတို့ရရှိကာ အခင်း ဖြစ်နေရာတွင် နှစ်ဦးစလုံးသေဆုံးသွားကြောင်း စစ်ဆေးသိရှိရသည်။ 
ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ အောင်မိုးလင်းအား ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမနယ်မြေရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။မကွေးသတင်းစုံ

0 comments:

Post a Comment