၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ(၃း၂၀) နာရီအချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်နေ ပိုင်သူကျော်
(၂၀)နှစ်၏ နေအိမ်တွင် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံးလောင်းကစား ပြုလုပ်နေ
ကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏
လောင်းကစား ဖမ်းဝရမ်း အမှတ် ၁၂/၂၀၁၅ ဖြင့် ၀င်ရောက်ရှာဖွေရာ
ပိုင်သူကျော်အား ၎င်း၏နေအိမ်နောက်ဖေး အဖီတဲတွင် နှစ်လုံးထီ၊ သုံးလုံးထီ၊
ဘောလုံး လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ
၊ လောင်းကြေးငွေ ၅၀၀၀ိ/- တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့်
ပိုင်သူကျော်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၅၄/၂၀၁၅၊
လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်
ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ
0 comments:
Post a Comment