Friday, April 3, 2015

ပွင့်ဖြူမြို့၌ သန့်စင်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲ ကျင်းပ




ပွင့်ဖြူ     ဧပြီ    
          မကွေးတိုင်းဒေသကြီး ပွင်ဖြူမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေး နှစ်တွင်ဆောင်ရွက်သည့်  သန့်စင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၇ ရက်နေ့နံနက် ၈နာရီက အဆိုပါလမ်းပေါ်ရှိမုခ်ဦးရှေ့တွင်ကျင့်ပခဲ့သည်။

          အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာထွန်းထွန်းမှ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြောကြားပြီး သန့်စင်လမ်းတစ်ဖက် ၆ ပေစီလမ်းချဲ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းမှ ရှင်းလင်းတင်ပြကာ သန့်စင်လမ်းခင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့
သည်။

          ထို့နောက် ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါက်တာထွန်းထွန်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးဖိုးပါ၊ စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိဦးမျိုးဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် ကြွရောက်လာသည့် ဧည့်သည်တော်များမှ သန့်စင်လမ်း ကတ္တရာခင်းဆောင်ရွက်ထားမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
 အောင်သူရ(ပွင့်ဖြူ)

0 comments:

Post a Comment