Wednesday, April 8, 2015

မကွေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေရှားပါးသော မြို့နယ် /ရပ်ကွက် /ကျေးရွာများသို့ ရေပေးဝေလှူဒါန်း



မကွေး     ဧပြီ     
          မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသည့် မြို့နယ် ရပ်ကွက် ကျေးရွာများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ် များရှိ မီးသတ်စခန်းမှ တာဝန်ရှိဦးစီးမှူးများ၊သနေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် တို့သည် မီးသတ်ရေသယ်ယာဉ်များဖြင့် သောက်သုံးရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်ပေး လျက်ရှိရာ ဧပြီ ၃ ရက်နေ့တွင် နတ်မောက်မြို့နယ် ၀မ်းဘဲအင်းရွာ၊တောင်တွင်ကြီးမြို့နယ် အုန်းတော(၁)ရပ်ကွက် အပိုင်း(၄)ရှိ ပြည်သူများသို့ သောက်သုံးရေ စုစုပေါင်းဂါလန်(၄၀၀၀)ခန့်ကို လည်းကောင်း၊ပခုက္ကူမြို့နယ် ကြီးရွာ၊ရေစကြိုမြို့နယ် ဂွေးပင်သာရွာ၊မြိုင်မြို့နယ် ပုတွင်းကျေးရွာ၊ ပေါက်မြို့နယ် သပြေရေရွာ၊ဆိပ်ဖြူမြို့နယ် တဲကြီးရွာတို့မှပြည်သူများသို့ စုစုပေါင်းရေဂါလန် (၁၂၀၀၀)ခန့်ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ ဧပြီ ၅ ရက်နေ့တွင်လည်း ပေါက်မြို့နယ် ညောင်ကိုင်းရွာ၊မြိုင်မြို့နယ် ကိုင်းကံကျေးရွာ၊ဂန့်ဂေါမြို့နယ် အမှတ်(၁)ရပ်ကွက်၊ဆောမြို့နယ် သီရိရပ်ကွက်၊ စေတုတ္တရာ မြို့နယ် ခဲပြစ်ရွာမှ ပြည်သူများသို့ စုစုပေါင်းရေဂါလန်((၈၉၀၀)ခန့်ကိုလှူဒါန်းနိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသော မြို့နယ်/ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေ ပေးဝေခြင်းလုပ်ငန်းအား မီးသတ်တပ်ဖွဲ့ရေသယ်ယာဉ်များဖြင့် အခမဲ့ဆောင်ရွက်ပေးမည်ဖြစ် သဖြင့် လိုအပ်ပါက ဖုန်းနံပါတ် ၀၆၃-၂၃၂၃၁၊၀၆၃-၂၅၀၄၇၊၀၉-၇၉၉၂၂၃၃၆၈သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment