Friday, April 17, 2015

မင်းဘူးမြို့ တွင် သင်္ကြန်ကာလအတွင်း မှုခင်းလျော့နည်း ကျဆင်းရေး ပညာပေးဆွေးနွေး




မင်းဘူး                                     ၁၁                                ဧပြီ
                  မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင်     သင်္ကြန်ကာလတွင်း မှုခင်း လျှော့နည်းကျဆင်းရေး ၊ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေး ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု ဆွေးနွေး ဟောပြောပွဲကို  ဧပြီ ၁၁ နံနက် ၇  နာရီ   က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ ရဲဗလခန်းမတွင် ကျင်းပပြုလုပ်သည်။  မင်းဘူးခရိုင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်း က သင်္ကြန်ကာလတွင်း သင်္ကြန်မဏ္ဍပ်များ၊ ရေကစားနေသူများ အနေဖြင့် မူးယစ်ဆေးဝါး ၊ တရားမဝင်တားမြစ်ဆေးများ ၊ စိတ်ကြွဆေးများ ၊ ကာမရာဂအားပေးဆေးများ ၊ အရက်၊ ဘီယာများ တရားမဝင်သယ်ဆောင် ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း မရှိစေရေး နှင့် ရေကစားမဏ္ဍပ်များ၊ စသုဒီသာ ကျွေးမွေးသည့်မဏ္ဍပ်များ တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိရေး ၊ ရေးကစားသူများအနေဖြင့် ဆိုင်ကယ်များ အိတ်ဇော ဖြုတ်၍ မောင်းနှင်ခြင်း၊ မောင်းနှင်ခြင်းမပြုတော့သည့် ယာဉ်အိုယာဉ်ဟောင်းများမောင်းနှင်ခြင်းမရှိစေရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ  ပျော်ရွှင်စွာ ရေကစားနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အဖွဲ့ဝင်များ ၊ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ နှင့်ပြည်သူလူထုများ စုစုပေါင်း (၅၀)ဦးခန့် အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

                                                                                                             သန်းဌေး(မင်းဘူး)

0 comments:

Post a Comment