Wednesday, April 1, 2015
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ခန့်ထားသော လက်ထောက်ဆရာဝန်(သစ်လွင်)နှင့်သွားဘက်ဆိုင်ရာ ဆရာဝန်(သစ်လွင်)များ တာဝန်ပေးအပ်နှင်းခြင်း အခမ်းအနား ကျင်းပ
မကွေး     မတ်     ၃၁
          မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ခန့်၌ထားသော လက်ထောက်ဆရာဝန် (သစ်လွင်)နှင့် သွားဘက်ဆိုင်ရာဆရာဝန်(သစ်လွင်)များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီကတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
  ရှေးဦးစွာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ  တိုင်းဒေသကြီးအစိုးရအဖွဲ့  အစီအစဉ်ဖြင့် ခန့်အပ်သော လက်ထောက်ဆရာဝန်(သစ်လွင်) နှင့်သွားဘက်ဆိုင်ရာဆရာဝန်(သစ်လွင်)များအား သြ၀ါဒ စကားပြောကြားရာတွင် ၀န်ထမ်းများ၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များလိုက်နာရေး၊ကျန်းမာရေး စောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန် ကျွမ်းကျင်မှုလိုအပ်သဖြင့် လုပ်ငန်းခွင်အတွင်းထပ်မံလေ့ကျင့်သင် ကြားရေး၊ပြည်သူ့ဝန်ထမ်းများပီပီ ပြည်သူများ၏ လိုလားချက်ဖြစ်သောတည်ငြိမ်အေးချမ်းရေးနှင့်လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို တတ်နိုင်သမျှ ဆောင်ရွက်ရေး၊နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ကို မျက်ခြေမပြတ်လေ့လာဆောင်ရွက်ရေး၊ပြည်သူကိုဝန်ဆောင်မှုအပြည့်အ၀ပေးနိုင်ရန် မိမိတတ်ကျွမ်း သောပညာအား ပိုမိုကျွမ်းကျင်တတ်မြောက်အောင်ကြိုးပမ်းဆောင်ရွက်ရေး၊တာဝန်ကျရာဒေသ၊ရပ်ရွာဒေသ မှာ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင်နေပြီးပြည်သူ့အမာခံ ပြည်သူ့ဝန်ထမ်းအဖြစ်ခံယူဆောင်ရွက်ရေး၊ လုပ်ငန်းခွင်စည်းကမ်းများနှင့်ဝန်ထမ်းစည်းကမ်းများကို တိတိကျကျလိုက်နာရေးတို့ကို အကျယ်တ၀ံ့မှာ  ကြားခဲ့သည်။
          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ အလုပ်တာဝန်ပေးအပ်လွှာများကို ပေးအပ်ရာ လက်ထောက်ဆရာဝန်များကိုယ်စား ဆရာဝန်တစ်ဦးအားလည်းကောင်းသွာဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးအားလည်ကောင်းအလုပ်တာဝန်ပေးအပ်လွှာများကို ပေးအပ်ခဲ့သည်။ထို့နောက် သစ်လွင် ဆရာဝန်များကိုယ်စား ဆရာဝန်တစ်ဦးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အလုပ်တာဝန်ခန့်အပ်သော လက်ထောက်ဆရာဝန်သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
          မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ခန့်အပ်သော လက်ထောက်ဆရာဝန်/ သွားဘက်ဆိုင်ရာဆရာဝန်(သစ်လွင်)များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ်၍ အောင်မြင်သူများကို ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် သင်တန်း တက်ရောက် စေခဲ့ကာ သင်တန်းအောင်မြင်သူ လက်ထောက်ဆရာဝန်(သစ်လွင်)(၁၆၈)ဦး၊သွားဘက်ဆိုင်ရာဆရာဝန် (သစ်လွင်)(၁၂)ဦးအားအလုပ်တာဝန်ခန့်အပ်ပေးခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်ဆေးရုံကြီးများ နှင့်သင်ကြားရေးဆေးရုံကြီးများတွင် တာဝန်ချထားပေးခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment