This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 30, 2015

၂၅ကြိမ်မြောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ငွေရတုနှစ်ပတ်လည် သွေးလှူဒါန်းပွဲကျင်းပ



မကွေး     ဧပြီ   ၃၀
    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၂၅ကြိမ်မြောက်ငွေရတု နှစ်ပတ်လည်
 သွေးလှူဒါန်းပွဲကိုယနေ့နံနက်၈း၀၀နာရီအချိန်တွင်မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
    အဆိုပါသွေးလှူဒါန်းပွဲကို မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သင်းသင်းထွေးနှင့် အဖွဲ့ဝင်များတက်ရောက်အားပေးပြီး သွေးလှူရှင်များအား အာဟာရများ၊ လက်ဆောင်များ ပေးအပ်ပါသည်။
    သွေးလှူရှင်များမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများနှင့်ရဲဘော်ရဲမေများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သူနာပြုကျောင်းသူများ၊ မြို့ပေါ်(၁၅)ရပ်ကွက်မှ ပြည်သူများ စုစုပေါင်း (၈၇)ဦးပါဝင်လှူဒါန်းခဲ့ကြောင်းသိရ သည်။
ညီညီမောင်

#အညာမြေ နွေသံစဉ်#


အညာမြေ  ပင် ထ နောင်း
အသွင်ပြောင်း စိမ်းလန်းစို ။
အားတက်ဖွယ် ရောက်လေစမ်းကွယ် ရို့
ခါးထက်ဝယ်  သောက်ရေ ချမ်းရယ်နဲ့
   ကမ်းလင့်သူကြို ။   ။
နွားကျောင်းသား  ရှင် လူပျို
ပုလွေသံချို လေပြန်လောင်း ။
ဥသြငှက်  သံသာချို
နွေကိုကြို  နိမိတ်ကောင်း ။
ထ နောင်းနွေမှာ  အေးမြသလို ပ
အ ကြောင်းဝေဆာ  စာ,ကဗျာမွေ့သူတို့
အလင်္ကာဆင်  အမြင် ဆန်းတွေဖြင့်
   ပွင့်လန်းစေ ကြောင်း  ။   ။
                               ဇွဲထက်ရှင်

အမှတ်စဉ်(၁/၂၀၁၅)အခြေခံလေကြောင်း လူငယ်သင်တန်း ဖွင့်ပွဲကျင်းပ




 မကွေး     ဧပြီ     ၂၈
          ကာကွယ်ရးဦးစီးချုပ်ရုံး(လေ)နှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှပူးပေါင်းစီစဉ်ဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၅)အခြေခံလေကြောင်းလူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူအစိုးရအဖွဲ့ဝင်  ၀န်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်းနှင့်မကွေးတပ်နယ်မှတာဝန်ရှိသူများ လေကြောင်းသင်တန်းနည်းပြအရာရှိအရာခံအကြပ် တပ်သားများ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ် သင်တန်း သား / သူများနှင့်မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ သင်တန်းဖွင့်အမှာစကား ပြောကြား ရာတွင် နောင်အနာဂတ်အတွက် လေကြောင်းသိပ္ပံပညာရပ်များနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ် များဖြစ်ကြောင်း၊နိုင်ငံတော်တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ရမည့်လူငယ်များအား နိုင်ငံတော်အနေ ဖြင့်လူစွမ်းအားအရင်းအမြစ်များအပြည့်အ၀ဖော်ထုတ်ရေး အသိပညာရှင်အတတ်ပညာရှင်များဖြစ်ပေါ်လာ ရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လေကြောင်းလူငယ်အခြေခံသင်တန်းတွင် ထူးချွန် အောင်ကြိုးစားကြရနိလိုအပ်ကြောင်း၊ထူးချွန်လူငယ်များအား မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ ဖွင့်လှစ်သည့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်းသို့တက်ရောက်လျက် အဆင့်မြင့်လေကြောင်း ပညာများကို သင်ကြားပေးမှာဖြစ်ကြောင်း နွေရာသီအားလပ်ရက်တွင်အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ နောက်တစ်ခေတ်၏ လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင်ကြိုးစားကြရန်လိုအပ်ကြောင်း အကျယ်တ၀ံ့ မှာကြားခဲ့သည်။ 

ထို့နောက်  မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ လူငယ်များအတွက်လေကြောင်းမျိုးဆက်သစ်များပေါ်ထွန်းရန် အတွက် သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့်သင်တန်းတွင် လိုက်နာရမည့်စည်းကမ်းများ၊ ပို့ချပေးမည့်ဘာသာရပ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ 

၎င်းနောက် သင်တန်းဖွင့်အခမ်းအနားကိုရုပ်သိမ်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အခြေခံ လေကြောင်းသင်တန်းသို့တက်ရောက်မည့်လူငယ်များအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ 

          အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၄၀)ဦးဖြင့်(၂၇-၄-၂၀၁၅)ရက်နေ့မှ (၂၂-၅-၂၀၁၅)ရက်နေ့အထိ (စနေနေ့အပါအ၀င်)ရက်သတ္တ(၄)ပတ်ကြာ စစ်ရေးပြဘာသာရပ်၊ လေကြောင်း သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံဘာသာရပ်၊ လေယာဉ်တည်ဆောက်မှုဘာသာရပ်၊ စက်အုံ တည်ဆာက်မှုဘာသာရပ်၊လေယာဉ်ပုံစံငယ်တည်ဆောက်မှုဘာသာရပ်၊တို့ကိုမကွေးလေတပ်စခန်းဌာနချုပ်အတွင်း စခန်းသွင်းဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး အခြား တိုင်းဒေသကြီး /ပြည်နယ် လေတပ်  စခန်းဌာနချုပ် များမှာလည်းတစ်ပြိုင်တည်းဖွင့်လှစ် သင်ကြား ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်၊။
သန်းနိုင်ဦး(ငဖဲ)

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံးကျောင်းသားများ ပြန်လည်ဖြေဆိုရမည့် ကုစားစာမေးပွဲများက ကျောင်းသားများအား တကယ်ပင်ကုစားနိုင်ပါ့မလာ့း့ 

၂၀၁၄-၂၀၁၅ ပညာသင်နှစ်  စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်စာမေးပွဲများ၌ ၀င်ရောက်ဖြေဆိုပြီး ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများအား မေလ ၁၄ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင်နှစ်ဘာသာနှုန်းဖြင့် ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

သို့သော် မူလဖြေဆိုသောစာမေးပွဲတွင် ဘာသာရပ်အားလုံးစုံအောင်ဖြေဆိုခြင်းမရှိသော ကျောင်းသူ၊ ကျောင်းသားများအား ပြန်လည်ဖြေဆိုသော
စာမေးပွဲတွင် ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။
ယခုပြန်လည်ဖြေဆိုရသောစာမေးပွဲအား ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများက မေးခွန်များထုတ်၍ ပြည်လည်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
ပုံမှန်စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုပြီး ကျရှုံးသောကျောင်းသူ၊ ကျောင်းသားများအား ဧပြီလ ၂၅ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ နံနက်(၇)နာရီမှ(၁၁)နာရီအချိန်ထိ တစ်ရက်လျှင်တစ်ကြိမ်နှုန်းဖြင့် သက်ဆိုင်ရာသင်ရိုးညွှန်းတန်းများအား မိမိတို့တက်ရောက်ပညာသင်ယူခဲ့သောကျောင်းများတွင် ပြန်လည်တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့မှ အလယ်တန်းပြ ဆရာမတစ်ဦးမှဆိုသည်။

ဧပြီလ ၂၅ ရက်မှစတင်သင်ကြား၍ မေလ ၁၄ ရက်နေ့တွင်မေးခွန်းပုံစံအသစ်ဖြင့် ပြန်လည်ဖြေဆိုရမည်ဖြစ်သော ကုစားစာမေးပွဲတွင် သက်ဆိုင်ရာဆရာ ဆရာမများမှ အချိန်တိုအတွင်း ထိရောက်စွာသင်ကြားနိုင်မှုမရှိမည်ကို ကျောင်းသားမိဘများမှ စိုးရိမ်လျှက်ရှိကြောင်းသိရသည်။"
သူငယ်တန်းမှစပြီး နှစ်စဉ် ဒီဆရာ ဒီမေးခွန်းနဲ့ ပုံမှန်တစ်နှစ် တစ်တန်းအောင်မြင်လာတဲ့သားက ဒီနှစ်ရှစ်တန်းစာမေးပွဲရှုံးတယ်ဆိုတော့၊ အခုစာမေးပွဲရှုံးလို့ အခုပြန်ဖြေရမယ့် စာမေးပွဲကို ၁၅ ရက်လောက်အချိန်လေးနဲ့ မေးခွန်းအသစ်ဖြေဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး" ဟုကျောင်းသားမိဘတစ်ဦးမှဆိုသည်။

မူလတန်းပညာသင်ယူစဉ်အချိန်မှစ၍ နှစ်စဉ်ပညာသင်ယူနေသော ကျောင်းတွင် အတန်းပိုင်ဆရာ ဆရာမများ၏ထံ၌ ကျူရှင် သို့မဟုတ် အထူးသင်ယူမှု(Guide)အဖြစ် နှစ်စဉ်ငွေကြေးမြောက်များစွာ ပေးပြီး ပညာသင်ယူနေရသော်လည်း ဆရာစစ်ဆိုသော စာမေးပွဲများကြောင့် တစ်နှစ်တစ်တန်းအောင်မြင်နေသော ပညာရေးစနစ်မှ ယခုကဲ့သို့ စတုတ္ထတန်းနှင့် အဋ္ဌမတန်းများကို အစိုးရစစ်စာမေးပွဲဖြေဆိုလိုက်ခြင်းကြောင့် အခြေခံပညာရေးအားနည်းသော ကျောင်းသူ၊ ကျောင်းသားအချို့မှာ စာမေးပွဲဖြေဆိုမှုများ၌ ကျရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်များအား ၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ စတုတ္ထတန်းအောင်စာရင်းမှာ ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး အဋ္ဌမတန်းအောင်စာရင်းမှာ ၅၄ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်းသိရသည်။"
လာမယ့်ပညာသင်နှစ်မှာ ဆရာ၊ဆရာမတွေရဲ့ သင်ကြားမှုအပိုင်းလည်းတိုးတက်လာမယ်၊ ကျောင်းသား ကျောင်းသူတွေဘက်ကလည်း အရည်အသွေးပြည့်ဝလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပြန်လည်ကုစားဖြေဆိုတဲ့စာမေးပွဲကို ပျောက်အောင်လုပ်သွားမှာပါ" ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူချုပ်ကဆိုသည်။

ယခုကဲ့သို့ဖြေဆိုသော အစိုးရစစ်စာမေးပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ပြီးမှ ပထမဆုံးအကြိမ်ပြန်လည်ဖြေဆိုရသော စာမေးပွဲဖြစ်ကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)

ပင်းမြို့ဟောင်းနယ်တွင် မြန်မာ့ရိုးရာလက်မှုပညာဖြစ့်သည့်ယက္ကန်းပညာကိုလက်ဆင့် ကမ်းထိန်းသိမ်းလျှက်ရှိ



  မကွေး  ဧပြီ  ၂၈
  မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပင်းမြို့ဟောင်း၏အနောက်တောင်ဘက် ၁မိုင်နှင့် ၆ ဖာလုံခန့်တွင်တည်ရှိသော တောင်
ထောင့်ကျေးရွာအုပ်စု တောင်ထောင့်၊ကုန်းဇောင်းကျေးရွာတို့၌မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့် ယက္ကန်းပညာကိုစဉ်ဆက်မပြတ်ထိန်း
သိမ်းလျှက်ရှိကြောင်းသိရှိရသည်။  တောင်ထောင့်ကျေးရွာတွင်အိမ်ခြေ ၂၇၀ ခန့်နှင့်ကုန်းဇောင်းကျေးရွာတွင်အိမ်ခြေ ၃၂၀ ခန့်ရှိပြီး
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကအားထားလုပ်ကိုင်ကြသည်။လယ်ယာလုပ်ငန်းပြီးစီးချိန်များတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည့်
ဝါဖန့်ခြင်း၊ဗိုင်းငင်ခြင်း၊ချည်ထိုးခြင်း၊ချည်နင်းခြင်းနှင့်ယက္ကန်းယက်ခြင်းကိုအမျိုးသမီးများတပိုင်တစ်နိုင်လုပ်
ကိုင်နေကြပြီးမြန်မာ့ရိုးရာ
လက်မှုပညာတစ်ရပ်အနေဖြင့်ထိန်းသိမ်းလုပ်ကိုင်လျှက်ရှိသည်။

  "ကျွန်မတို့ရွာတွေမှာ ယခုလိုနွေရာသီဆိုရင် အမျိုးသမီးတွေ ကြိတ်ပြီးသားဝါကိုဗိုင်းငင်ရန်အတွက်ဝါဖန့်ကြ ဝါဖန့်ပြီးဝါလိတ်
များကိုချည်ဖြစ်အောင်ဗိုင်းငင်ကြတယ်။ချည်အဖြစ်ရရှိလာတဲ့ ချည်ကိုထမင်းရယ်ကိုယ်လိုတဲ့အရောင်နဲ့စပ်ပြီးချည်နင်းပြီးနေလှမ်းကြရ
တယ်။စိတ်ကြိုက်ရရှိတဲ့အနေအထားရရင်ယက္ကန်းယက်ဖို့ချည်ဖောက်ကြနဲ့အလုပ်မပြတ်ကြဘူး
။ယောက်ျားတွေများ လယ်ယာလုပ်
ငန်းခွင်ဝင်နိုင်အောင်အဆင့်သင့်ပြင်ဆင်ကြသလို အမျိုးသမီးများအနေနဲ့လည်း အဝတ်အထည်မပူပင်ရအောင် အိမ်တွင်းမှုလုပ်ငန်း
ဖြစ်တဲ့ယက္ကန်းယက်ကြတယ်။အိမ်တိုင်းမှာယက္ကန်းစင်ကိုယ်စီရှိကြသလို အပ်ချုပ်စက်ကိုယ်င်္စီရှိကြတယ်။မိသားစုဝတ်ဖို့ပိုတဲ့အပြင်
လက်လီ လက္ကားရောင်းကြရတယ်။ရှစ်တောင်ထိုး ကျားဝတ်လက်ရှည်တစ်ထည်ကိုလက္ကားဈေး ၃၂၀၀ကျပ်နဲ့ရောင်းပေးပြီးနတ်မောက်
ကျောက်ပန်းနဲ့အခြားမြို့တွေကိုလည်းရောင်းကြရတယ်"ဟုကုန်ဇောက်းရွာမှအမျိုးသမီးတစ်ဦးကပြောပြသည်။

  ပင်းမြို့ဟောင်းဒေသသည် ပျူခေတ်မှစတင်၍ရှေးဘုရင်များလက်ထက်ကတည်းက ယက္ကန်းယက်ခြင်းပညာကိုတည်ရှိခဲ့ပြီး ၂၁
ရာစုခေတ်အထိ မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့် ယက္ကန်းယက်ခြင်းပညာကိုဆက်လက်ထိန်းသိမ်းလျှက်ရှိသဖြင့် ၎င်းဒေသများတွင်
ယနေ့အချိန်အထိ "အဝတ် ခြံပေါက် အစား ခြံပေါက်"ဟူသောစကားသည်လူတိုင်င်းနေ့စဉ်အသုံးပြုနေကြောင်း၊ယက္ကန်းယက်ခြင်းပညာ
ကိုလည်း မြန်မာ့ရိုးရာလက်မှုပညာတစ်ရပ်အနေဖြင့်လည်းကောင်း၊မိရိုးဖလာရိုးရာအမွေအဖြစ်
လည်းကောင်းဆက်လက်ထိန်းသိမ်း
သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဇွဲထက်ရှင်

မြစိမ်းရောင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေး




မင်းဘူး     ဧပြီ      ၂၈
          မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ၂၀၁၄-၂၀၁၅ဘဏဏ္ဍာရေးနှစ်အတွက် ဖလံရုံကျေးရွာ အုပ်စု ပုဂံစစ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးအတွက်(၅၆)ခု၊ မွေးမြူရေးအတွက်(၅၆)ခု လုပ်ငန်းများအား ဧပြီ ၂၈ ရက်နေ့တွင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်းနှင့် ဒု-ဦးစီးမှူးဦးဌေးနိုင်တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက် များနှင့်စာရင်းဇယားများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

လယ်ယာသုံးပစ္စည်းသရုပ်ပြပွဲပြုလုပ်




ရေနံချောင်း   ဧပြီ ၃၀
                   ရေနံချောင်းမြို့နယ်ဘူးကျွန်းကျေးရွာတွင် ဧပြီ ၂၈ရက်နေ့တွင် လယ်ယာသုံးပစ္စည်း သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထိုသရုပ်ပြပွဲကို ရေနံချောင်းသမ၀ါယမဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ဒေးဂုံး (Dae dong) ကုမ္မဏီမှ ထုတ်လုပ်သော လယ်ယာသုံးပစ္စည်းများဖြစ်ပြီး နှစ်ရှည်အရစ်ကျ ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
                   ၎င်းပြပွဲကို မြို့နယ်အသင်းဥက္ကဌများ၊ ကျေးရွာအထောက်အကူပြုကော်မတီများနှင့်ပတ်ဝန်းကျင် ကျေးရွာမှ စိတ်ဝင်စားသူများတက်ရောက်ကြောင်းသိရသည်

                                                                             သိန်းဇော်

၂၀၁၄-ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ တစ်ရပ်လုံး ရာနှုန်းပြည့် ကောက်ခံပြီးစီး



မကွေး     ဧပြီ      ၂၈
          မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဘဏ်ခွဲ(၂၅)ဘဏ်သို့ ၂၀၁၄-ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ် မှုဘဏ်ချေးငွေ ကျပ်သိန်းပေါင်း (၄၇၂၆၀၉.၈၀)သိန်း ထုတ်ချေးပေးခဲ့ရာ ဧပြီ ၂၂ ရက်နေ့တွင် ချေးငွေတစ် ရပ်လုံးအား ရာနှုန်းပြည့် ပြေကျေစွာ ကောက်ခံပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (တိုင်းဒေသကြီးဘဏ်ခွဲ)မှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)