Wednesday, March 18, 2015

သြဘာတံဆိပ်ပါ ဒိုဇာ ၇ဝ WP ပိုးသတ်ဆေးသောက်၍ လူတစ်ဦးသေဆုံး

၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နေ့လည် (၁း၅၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်ဆေးရုံ၌ အဆိပ်သောက်၍သေဆုံးသည့် အမျိုးသမီးအလောင်း တစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ မြို့သစ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်အား စစ်ဆေးရာ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မြို့သစ်မြို့နယ် ၊ ဂွေးတောကျေးရွာနေ ဦးကျော်ညွှန့် (၂၅)နှစ်သည် တစ်ရွာတည်းနေ ယောက္ခမဖြစ်သူ ဒေါ်ကြည်မြင့် (၇၄)နှစ်၏ နေအိမ်သို့ အလည်သွားရောက်စဉ် ဒေါ်ကြည်မြင့်မှာ နေအိမ်အပေါ်ထပ်ကြမ်းပြင်တွင် ပါးစပ်မှ အမြှုပ်များထွက်၍ လူးလိမ့်နေပြီး ၎င်းအနီးတွင် သြဘာတံဆိပ်ပါ ဒိုဇာ ၇ဝ WP ပိုးသတ်ဆေး အဝါရောင် အိတ်ခွံအား တွေ့မြင်ရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းပြီး မြို့သစ် ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဒေါ်ကြည်မြင့်မှာ နံနက် (၉) နာရီခွဲအချိန် သေဆုံးသွားခဲ့ကြောင်း စုံစမ်း သိရှိရသဖြင့် ဒေါ်ကြည်မြင့်သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန်အတွက် ၁၆.၃.၂ဝ၁၅ ရက်နေ့ ဒုရဲမှူး ကံပိုမှ တရားလိုပြုလုပ်၍ မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၅ အရ အမှု ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment