Tuesday, March 17, 2015

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ (Mobile Library Project ) ပြုလုပ်ရန် နတ်မောက်မြို့ သို့လာရောက်

နတ်မောက်        မတ်       ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (Mobile Library Project ) မှယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ရောက်ရှိခဲ့သည်။ အဆိုပါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှနေ၍ နတ်မောက်မြို့ သာသနာ့ဟိတ စာကြည့်တိုက်တွင် သွားရောက်ပြီး စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်ဒေါက်တာ ဒေါ်ဥမ္မာက (Mobile Library Project ) ပြုလုပ်ရန် မြို့နယ်မှ မြေနေရာပြုလုပ်ခွင့်ပြုနိုင်ရေး ၊ မြို့နယ်ပြန်/ဆက်စာကြည့်တိုက်သို့ ကွန်ပျူတာလှူဒါန်းရန်နှင့် ရှေ့တပတ်တွင်လည်း ဒေါက်တာသန့်သော်ကောင်းမှ လာရောက် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတွင် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ဥမ္မာခင်၊ သာသနာ့ဟိတစာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးတို့ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment