Wednesday, March 4, 2015

Minibus ယာဉ် တိုင်းလော့ပြတ်ပြီး တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား တိုက်မိ၍ ကလေးငယ်တစ်ဦး သေဆုံး

၂၀၁၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ ညနေ (၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက် မြို့နယ်၊ ချက်ကန်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ချက်ကန်ရွာနေ ဦးမြင့်အောင်မှ တယ်လီဖုန်းဖြင့်အကြောင်းကြားချက်အရ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် (၃၆၉/၃) နှင့် (၃၆၉/၄) အကြားတွင် မုံရွာမှရွှေစက်တော်သို့ ရှမ်းပြည်နယ်၊ နမ္မတူမြို့၊ အမှတ် (၄) ရပ်ကွက်နေ စိုးသန်း(၆၁)နှစ်မောင်းနှင်သည့် 5F-xxxx ၊ AMANDLA Minibus အမျိုးအစား အဖြူရောင်ယာဉ်သည် တိုင်းလော့ပြတ်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ ကာ ပေါက်မြို့နယ်၊ ထန်းတောလယ်ကျေးရွာမှ ဘုရားတောင်ဘုရားပွဲသို့ ပေါက်မြို့နယ်၊ ကိုင်းလယ်အုပ်စု၊ ထန်းတောလယ်ကျေးရွာနေ အောင်ကို(၁၈)နှစ် မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မစုဌေးလှိုင် (၂၁) နှစ်နှင့် သမီးဖြစ်သူ မမိုးသက်ဖြူ၊ (၁ဝ)လအရွယ်တို့လိုက်ပါလာသော ၂၈ယ/xxxx ၊ BEFCOB-12 ဖြုနီကြားရောင် ဆိုင်ကယ်အားတိုက်မိ၍ အောင်ကိုတွင် မေးစေ့(၄)လက်မခန့်ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ပါးပွန်းပဲ့ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်နဖူးပွန်းပဲ့ဒဏ်ရာ(၁)ချက် ၊ မစုလှိုင်ဌေးတွင် နဖူးအလယ်(၁)လက်မခွဲခန့်ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မောင်း/ ၀ဲဘက်ပေါင်ကျိုးဒဏ်ရာ နှင့် မမိုးသက်ဖြူတွင် ဝဲဘက်ဦးခေါင်း ဖူးရောင် ဒဏ်ရာ (၁)ချက်၊ နှာခေါင်း၊ နား(၂)ဖက်သွေးထွက် ဒဏ်ရာ၊ ဝဲဘက် ပါးပွန်းပဲ့ဒဏ်ရာ(၁)ချက် (သေဆုံး) ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။ 
ယာဉ်အားမဆင်မခြင်မောင်းနှင်သူ စိုးသန်း (၆၀)နှစ်အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။  မကွေးသတင်းစုံ

0 comments:

Post a Comment