Wednesday, March 25, 2015

( DAEDONG )ဒေဒေါင်းကုမဏီမှ လယ်ယာသုံး ထွန်စက်နှင့်စက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ပံ့ပိုးရောင်းချ



ငဖဲ      မတ်     ၂၄
          မကွေးတိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန၏ ကြီးကြပ်လမ်း ညွှန်မှုဖြင့် ငဖဲမြို့နယ် သာယာကုန်းကျေးရွာတွင် ယနေ့နံနက်က အောင်ဇမူလယ်ယာနှင့်အထွေထွေစီးပွားရေး သမ၀ါယမအသင်းမှ အသင်းသားများပြည်သူများ စိုက်ပျိုးရေးကဏ္ဍတွင်ထုတ်လုပ်မှု မြှင့်တင် နိုင်ရေးအတွက် ကိုရီးယား နိုင်ငံ( DAEDONG )ဒေဒေါင်းကုမဏီမှ လယ်ယာသုံး စက်ကိရိယာ များကို အရစ်ကျစနစ်ဖြင့် ပံ့ပိုးရောင်းချပေးလျက်ရှိကြောင်းသိရသည်။

          ထိုသို့ရောင်းချပေးရာတွင် ( DAEDONG )ဒေဒေါင်းကုမဏီ တာဝန်ရှိသူများမှဒေသခံ တောင်သူများအားတွေ့ဆုံပြီး စက်ပစ္စည်းဝယ်ယူမှုနှင့်ပတ်သက်၍ စတင်ဝယ်ယူသည့်နေ့တွင် စက်ပစ္စည်းတန်ဘိုး၏(၁၀%)ပေးသွင်းရမည်ဖြစ်ပြီး (၁)နှစ်ပြည့်သည့်နေ့တွင်တန်ဘိုး၏(၅%)နှင့် စက်ပစ္စည်းတန်ဘိုး၏(၉၀%)အပေါ် တစ်နှစ်အတွက်အတိုးပေးသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

          ထို့နောက် အဆိုပါကျေးရွာ အောင်ဇမူလယ်ယာနှင့်အထွေထွေစီးပွာရေးသမ၀ါယမ အသင်း အသင်းသား ဦးထွန်းလွင်မှ( 60 HP  Tractor ) တစ်စီးကိုဝယ်ယူခဲ့ရာ အသင်းသား တောင်သူများအားလက်တွေ့ထွန်ယက်သရုပ်ပြသခဲ့ရာ အသင်းသားတောင်သူများ စိတ်ပါဝင် စားစွာကြည့်ရှုလေ့လာခဲ့ပြီး မိမိတို့လယ်ယာမြေတွင်အသုံပြုနိုင်မည့် စက်ကိရိယာထွန်စက်များ ၀ယ်ယူရန်စိတ်အားထက်သန်လျက်ရှိသည်။ ဦးထွန်းလွင်ဝယ်ယူသည့် မြင်းကောင်ရေ(60) လယ်ထွန်စက်မှာတန်ဘိုးအားဖြင့်ကျပ်(၂၄၂၁၆၀၀၀/ိ-)ဖြစ်၍ ကျပ်သိန်း(၂၀၀)နှင့် အထက်ဖြစ် သောကြောင့် ၀ယ်ယူသည့်နေ့မှ(၇)နှစ်အတွင်း အပြေအကြေ ပေးဆပ်ရမည်ဖြစ်သည်။

          ငဖဲမြို့နယ် သမ၀ါယမဦးစီးဌာနနှင့် မြို့နယ်သမ၀ါယမအသင်းစုအနေဖြင့် မိမိတို့မြို့နယ် အတွင်းရှိအသင်းသား တောင်သူများကျယ်ပြန့်စွာသိရှိနားလည်အသုံးပြုနိင်စေရန် သရုပ်ပြပွဲများ  ဆက်လက်ကျင်းပ၍ စည်းရုံးဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

 

0 comments:

Post a Comment