Tuesday, March 17, 2015

ပိုးသတ်ဆေးသုံးစွဲသူ အသိအမှတ်ပြုသင်တန်းဆင်း လက်မှတ်ရရှိထားသူများမှ ဆင့်ပွားပညာပေးဆောင်ရွက်မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးသုံးစွဲမှု အဆင်ပြေ

                                                  မကွေး မတ် ၁၇
မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရ၂၇ ရက်နေ့တွင်သီးနှံကာကွယ်နည်း ပိုးသတ်ဆေးသုံးစွဲသူသင်တန်းကို ၅ ရက်ကြာ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲနည်း အန္တရာယ်ကင်းရှင်းစေရေးနည်းပညာများကို သီးနှံကာကွယ်ရေး ဌာနခွဲ နေပြည်တော်ရုံးချုပ်မှ ဆရာ/ဆရာမများက သင်ကြားပို့ချ ဆွေးနွေးခဲ့ပြီး သင်တန်းတွင် တက်ရောက်သည့် သင်တန်းသား(၁၁၁)ဦးအား ပိုးသတ်ဆေးသုံးစွဲသူ သင်တန်းဆင်း လက်မှတ် များပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်သင်တန်းပေးရာ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ နေပြည်တော်ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးတင်အောင်ဝင်းနှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒသကြီးဦးစီးမှူးဦးခင်မောင် ၀င်းတို့မှ သင်တန်းဖွင့်အမှာ စကားနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ကြကြောင်း၊ သင်တန်းမှူးအဖြစ် ဒေါ်မြင့်နုသွင်(လက်ထောက်ညွှန်ကြားရေးမှူး)အပင် ရောဂါဌာနစိပ် နေပြည်တော်နှင့်
သီးနှံကာကွယ်ရေးရုံးချုပ်မှ ဆရာ/ဆရာမ(၁၄)ဦးတို့မှ တာဝန်ယူ ဆောင်ရွက်ပြီး ပိုးသတ်ဆေးကိုင်တွယ် သုံးစွဲနည်း ပညာများကို ပရိုဂျက်တာဖြင့်ရှင်းလင်းပြသ သင်ကြားပို့ချခဲ့ကြကြောင်းသိရသည်။
ထိုသင်တန်းတွင် ပိုးသတ်ဆေးသုံးစွဲသူ အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ်ရရှိသူများ မှမိမိတို့ ကျေးရွာရှိတောင်သူများအား ပိုးသတ်ဆေးနည်းစနစ်များ မှန်မှန်အသုံးချတတ်ရေး၊ဘေးဥ ပါတ်အန္တရာယ် မကျရောက်စေရေး၊လူနှင့်လူပတ်ဝန်းကျင်များအားမထိခိုက်အောင် စနစ်တကျ ကိုင်တွယ် အသုံးချဆောင်ရွက်တတ်စေရန် ဆင့်ပွားပညာပေးမှုများကြောင့် ဒေသခံတောင်သူများ ပိုးသတ်ဆေးသုံးစွဲမှုကို နည်းစနစ်ကျကျအဆင်ပြေ သုံးစွဲနိုင်ပြီဖြစ်ကြောင်း ဒေသခံ တောင်သူ တစ်ဦးမှပြောပြ၍ သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment