Friday, March 13, 2015

တံတားတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




ငဖဲ    မတ်   ၁၁
              မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ပင်ဦးကျေးရွာအုပ်စု၊ ညောင်ကိုင်းကြီးကျေးရွာ တွင် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတင်ဒါပိုလျှံငွေ ၊ ခွင့်ပြုရန်ပုံငွေကျပ် (၃၅၀)သိန်းဖြင့် ပဇီချောင်းကူးတံတား (၁၆၀´x၁၈´x၉´) အားသတ်တုဥက္ကာကုမဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်နှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူတို့အား မှာကြားခဲ့ကြောင်းသိရှိရသည် ။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment