Tuesday, March 17, 2015

ဆိုလာပြား ဘတ္ထရီ အားသွင်းစဉ် အပူလွန်ကဲပြီး ဘတ္ထရီအိုးပေါက်ကွဲရာမှ နေအိမ် ၁၈ လုံးမီးလောင်

၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကိုင်းလယ်ရဲကင်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ကြောင်း သတင်း ရရှိပါသည်။

ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာနေ ဘိုငြိမ်း(၅၆)နှစ်၏ နေအိမ်တွင် ဆိုလာပြား ဘတ္ထရီ အားသွင်း စဉ် အပူလွန်ကဲပြီး ဘတ္ထရီအိုးပေါက်ကွဲကာ မီးစတင်လောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျေးရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နေ့လည် (၂) နာရီခွဲအချိန် မီးလုံးဝငြိမ်းသွား၍ မီးလောင်မှုကြောင့် ဘိုငြိမ်း၏နေအိမ်အပါအဝင် သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ်(၁ဝ)လုံး၊ အလက(ခွဲ)ဝန်ခြုံး ကျောင်းဝန်းအတွင်းရှိ ဆရာ/ ဆရာမ နေအိမ်(၇)လုံး၊ ကိုယ်ထူကိုယ်ထ စာသင်ဆောင် (၁)ဆောင်၊ စုစုပေါင်းအိမ် (၁၈)လုံး၊ ဝက်(၂)ကောင်မီးလောင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ၆၇၃ဝဝဝဝိ/-ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

မီးပေါ့ဆသူ ဘိုငြိမ်းအား အရေးယူပေးပါရန် ၁၆.၃.၂ဝ၁၅ ရက်နေ့တွင် ဝန်ခြုံးကျေးရွာ ရွာခွဲတာဝန်ခံ ဦးဖိုးထွေး(၄၁)နှစ်မှ တရားလိုပြုလုပ် တိုင်တန်း၍ ပေါက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၇/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment