Monday, March 9, 2015

တိရစ္ဆာန်ကျန်းမာရေးလုပ်သားမွမ်းမံသင်တန်းဆင်း




စေတုတ္တရာ   မတ်   
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၈ ရက် နံနက် (၁၀)နာရီက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

          အဆိုပါသင်တန်းကို စေတုတ္တရာမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်များ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ၊ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်မှုများအား အချိန်တိုအတွင်း တစ်ပြိုင်နက် ဆောင်ရွက်နိုင်ရန်နှင့် သားငါးမွေးမြူခြင်း လုပ်ငန်း စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရေး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  ဖွင့်လှစ်ခြင်း ဖြစ်ပြီး စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ (၃၀)မှ သင်တန်းသား (၃၀)ဦးတက်ရောက်ကြပြီး စာတွေ့(၃)ရက်၊ လက်တွေ့(၄)ရက် သင်တန်းပို့ချခဲ့ကြောင်း  မြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖိုးကျော်မင်းထံမှ သိရသည်။
အိမ်ကျယ်-iprd

0 comments:

Post a Comment