Tuesday, March 17, 2015

ရေနံစိမ်းပေပါများ တရားမဝင်သယ်ဆောင်လာသဖြင့်အမှုဖွင့်အ​ရေးယူ

၂၀၁၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ည (၁၀း၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၁၁/၁ အနီး ကံလည်တံတားထိပ်၌ ရေနံမဘက်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ဘက်သို့ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ မင်းအောင်(၃၄)နှစ်မောင်းနှင်ပြီး မကွေးမြို့၊ ကန်သာ ရပ်ကွက်နေ သက်မှူးအောင်(၂၁) နှစ်လိုက်ပါလာသော 4D/xxxx ၊ (၁၂)ဘီးဘောက်ဆာယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
၎င်းယာဉ်မှာ ၁၄.၃.၂ဝ၁၅ ရက်နေ့တွင် ခွင့်ပြုထားသောရေနံစိမ်းများအား သယ်ယူပို့ဆောင်ထားရှိပြီး ၁၆.၃.၂ဝ၁၅ ရက်နေ့တွင် ရေရော ရေနံစိမ်းပေပါ(၈၅)လုံးခန့်အား တရားမဝင်သယ်ဆောင်လာသဖြင့် ယာဉ်မောင်း မင်းအောင်နှင့် ယာဉ်နောက်လိုက် သက်မှူးအောင်တို့အား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂/၂ဝ၁၅၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၉ အရ  အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment